မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော အဆိုတော်ရသ အပါအဝင် သုံးဦးအား မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသော အဆိုတော်ရသ အပါအဝင် သုံးဦးအား မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်
Published 18 September 2018

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော အဆိုတော်ရသ အပါအဝင် သုံးဦးအား မန္တလေးခရိုင်တရားရုံးတွင် စက်တင်ဘာ ၁၇ ရက်က ရုံးထုတ်စဉ်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော အဆိုတော်ရသ အပါအဝင် သုံးဦးအား မန္တလေးခရိုင်တရားရုံးတွင် စက်တင်ဘာ ၁၇ ရက်က ရုံးထုတ်ခဲ့ပြီး ရှေ့နေပါဝါတင်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီနေ့ကတော့ အမှုတွက် ရှေ့နေပါဝါ တင်ပါတယ်။ စစ်ဆေးခြင်းတော့ မရှိပါဘူး။ အောက်တိုဘာ ၁ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။ အဲဒီနေ့မှ တရားလိုကို စတင်စစ်ဆေးနိုင်မှာပါ” ဟု အမှုနှင့်ပတ်သက်ပြီး တရားခွင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုတော်ရသကို ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ဧည့်ရိပ်မွန်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူးယစ်ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ဖြစ်သည်။

မူးယစ်တပ်ဖွဲ့စု ၁၈ မှ ရဲအုပ်လင်းထွန်းနှင့်အဖွဲ့သည် မူးယစ်သတင်းအရ မူးယစ်ဆေးဝါးနှင့် အိမ်ဝင်ရောက် ရှာဖွေခွင့်ဝရမ်းတို့ဖြင့် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း ၄၉ လမ်းနှင့် လမ်း ၅၀ အကြားရှိ ဧည့်ရိပ်မွန်တစ်ခုသို့ ဝင်ရောက် ရှာဖွေခဲ့ရာ အခန်းတစ်ခုတွင် ရဲမင်းသိန်း (ခ) ရသနှင့်အတူ မျိုးတင့်၊ ခေမီ (ခ) ဗျာတာမီးတို့ သုံးဦးကို တွေ့ရှိရပြီး အိပ်ရာဘေးစားပွဲပေါ်တွင် WY လိမ္မော်ရောင်ဆေးပြား ၃၀၊ ပိုက်နှစ်ပိုက်၊ အနီရောင်ပိုက်အတွင်း ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားပါ တစ်ပိုက်၊ အနီရောင်ပိုက်အတွင်း ဆေးပြားငါးပြားပါ နှစ်ပိုက် စုစုပေါင်း ၉၅ ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ထို့နောက် ရေချိုးခန်းမှန်တင်ခုံပေါ်မှ တစ်ရှူးအစိုဘူးအတွင်း ထည့်ထားသည့် အပြာရောင် ပလတ်စတစ်အိတ်တစ်ထုပ်လျှင် WY လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါ ခုနစ်ထုပ်၊ ၁၆၀ ပြား နှစ်ထုပ်၊ ပေါင်း ၁၆၀ ပြားပါ တစ်ထုပ်၊ ပေါင်း ၁၅၆၀ ပြားပါ အလေးချိန် ၁၅၆ ဂရမ်ခန့် စုစုပေါင်း ဆေးပြား ၁၆၅၅ ပြား၊ အလေးချိန် ၁၆၅ ဒသမ ၅ ဂရမ် ကာလတန်ဖိုးငွေကျပ် ၈၂၇၅၀၀၀ တို့နှင့်အတူ လက်ကိုင်ဖုန်းသုံးလုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိခဲ့သည့် ရဲမင်းသိန်း (ခ) ရသ (၃၅ နှစ်)၊ မျိုးတင့် (၂၆ နှစ်) နှင့် ခေမီ (ခ) ဗျာတာမီး (၂၀ နှစ်)တို့ကို အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မယ(ပ)၁၁/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/ ၂၁ တို့ဖြင့် အောင်ပင်လယ်ရဲစခန်းတွင် အမှုဖွင့်ထားပြီး မန္တလေးခရိုင် တရားရုံးတွင် စက်တင်ဘာ ၁၇ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent