ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်မည့် မြေဧက ၁၆၈၀၀၀ အထိ ရှိမည်ဖြစ်ပြီး ပထမအဆင့်တွင် မြေဧက ၂၀၀၀၀ အပေါ် အကောင်အထည်ဖော်မည့် စီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း ကိုးသိန်းခန့်ရရှိရန် ခန့်မှန်းထား

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်မည့် မြေဧက ၁၆၈၀၀၀ အထိ ရှိမည်ဖြစ်ပြီး ပထမအဆင့်တွင် မြေဧက ၂၀၀၀၀ အပေါ် အကောင်အထည်ဖော်မည့် စီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း ကိုးသိန်းခန့်ရရှိရန် ခန့်မှန်းထား
Published 17 September 2018

ရန်ကုန်မြို့သစ် စီမံကိန်းတည်ဆောက်ရန် လျာထားမြေ ဧက ၁၆၈,၀၀၀ အထိ ရှိမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှုအဖြစ် စီမံကိန်းပထမအဆင့်တွင် မြေဧက ၂၀,၀၀၀ အပေါ် အကောင်အထည်ဖော်မည့် စီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း ကိုးသိန်းခန့်ရရှိရန် ခန့်မှန်းထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလိမီတက် (NYDC) မှ ရေးဆွဲထားသည့်  လူမှု-စီးပွား ပင်မစီမံချက် (SEMP)တွင် ဖော်ပြထားမှုအရ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းအထိ အကောင်အထည်ဖော်ပေးရန် ရည်ရွယ်ထားပြီး အဆိုပါ မျှော်မှန်းချက်မှာ လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်အကိုင်ခန့်ထားသည့် အရေအတွက်နှင့် တူညီသည့် အလွန်မြင့်မားသည့် မျှော်မှန်းချက်ဖြစ်ကြောင်း လူမှု-စီးပွား ပင်မစီမံချက် (SEMP) တွင် ဖော်ပြထားမှုအရ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ အဆင့် (၁) တွင် အလုပ်အကိုင်ပေါင်း ခြောက်သိန်းမှကိုးသိန်းအထိ ဖန်တီးပေးနိုင်ရန် မျှော်လင့်ထားသည်။ ကနဦးအဆင့်အနေဖြင့် အလုပ်အကိုင်ပေါင်း လေးသိန်းမှ ခြောက်သိန်းခန့်ကို အဆင့် (၁) ဧရိယာ စတုရန်းကီလိုမီတာ ၈၀ ခန့် (ဧက ၂၀ç၀၀၀ ခန့်) အပေါ်တွင်ရည်မှန်းထားပြီး ပေးနိုင်မည့် လုပ်ငန်းအများစုမှာ ကနဦးနှစ်ပိုင်းများတွင် ကုန်ထုတ်လုပ်ရေး နှင့် တည်ဆောက်ရေးကဏ္ဍတို့မှ ဖြစ်နိုင်ခြေ ရှိမည်ဖြစ်သည်။ ထိုသို့ ခန့်မှန်းရသည့် အဓိကအကြောင်းရင်းမှာ အခြေခံ အဆောက်အအုံ တည်ဆောက်မည်ဖြစ်၍ စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများသည် ပထမအသုတ်တွင် ရန်ကုန်မြို့သစ်သို့ ရွှေ့ပြောင်းလာနိုင်၍ဖြစ်ပြီး ရန်ကုန်မြို့သစ်၏ စီးပွားရေးရင့်ကျက်၍ အမြဲတမ်းနေထိုင်သူ အရေအတွက် မြင့်တက်လာသည်နှင့်အမျှ ယင်းနေထိုင်သူများ၏ လိုအပ်မှုများဖြည့်ဆည်းရန် ဝန်ဆောင်မှု အလုပ်အကိုင်များလည်း နောက်ပိုင်းနှစ်များတွင် မြင့်တက်လာရန် မျှော်မှန်ထားကြောင်း သိရသည်။

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းရရှိရေး ကနဦးမျှော်မှန်းချက်တွင် Supply Chain ကဏ္ဍများမှ အလုပ်အကိုင် နှစ်သိန်းမှ သုံးသိန်းအကြား ထပ်ဆင့်ဖန်တီးပေးနိုင်ရန် မျှော်လင့်ထားသည်။ ဥပမာအားဖြင့် ရန်ကုန်မြို့သစ်တွင် အစားအစာထုတ်လုပ်၊ စီမံ၊ ပြုပြင်သည့်စက်ရုံတစ်ခုကို တည်ဆောက်လာပါက စက်ရုံသို့ တင်သွင်းမည့်  စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ရန်အတွက် နောက်ထပ်ဝယ်လိုအားနှင့် အလုပ်အကိုင်များ ဖော်ထုတ်နိုင်ခြေရှိလာမည် ဖြစ်သည်။

ကျန်ရှိနေသည့် အလုပ်အကိုင်အခွင့်အလမ်း ၁ ဒသမ ၂ သန်းခန့်အတွက်ကိုမူ အဆင့် (၂) ဧရိယာဖြစ်သည့် စတုရန်းကီလိုမီတာ ၆၀၀ (ဧက ၁၄၈,၀၀၀) ကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းမှ ရရှိလာမည်ဟု မျှော်မှန်းထားသည်။

Most Read

Most Recent