ပြည်သူ့ဆန္ဒအရ အနိုင်ရပါတီကို စနစ်တကျလွဲှပြောင်းပေးခဲ့ပြီး ဒီမိုကရေစီကျင့်စဉ်အတိုင်း အကောင်အထည်ဖော်ပေးခဲ့သော်လည်း ဒီမိုကရေစီအနှစ်သာရဖြစ်သော ပြည်သူ့ထံမှ ဆင်းသက်လာသည့်အာဏာကို ပြည်သူတို့ထံ ပြန်လည်စီးဆင်းစေခြင်းဆိုသော ကျင့်စဉ်သည် မှေးမှိန်လာနေသည်ကို သတိပြုမိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောကြား

ပြည်သူ့ဆန္ဒအရ အနိုင်ရပါတီကို စနစ်တကျလွဲှပြောင်းပေးခဲ့ပြီး ဒီမိုကရေစီကျင့်စဉ်အတိုင်း အကောင်အထည်ဖော်ပေးခဲ့သော်လည်း ဒီမိုကရေစီအနှစ်သာရဖြစ်သော ပြည်သူ့ထံမှ ဆင်းသက်လာသည့်အာဏာကို ပြည်သူတို့ထံ ပြန်လည်စီးဆင်းစေခြင်းဆိုသော ကျင့်စဉ်သည် မှေးမှိန်လာနေသည်ကို သတိပြုမိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောကြား
Published 16 September 2018

ပြည်သူ့ဆန္ဒအရ အနိုင်ရပါတီကို စနစ်တကျလွဲှပြောင်း၍ ဒီမိုကရေစီကျင့်စဉ်အတိုင်း လက်တွေ့အကောင်အထည်ဖော်ပေးခဲ့သော်လည်း ပြည်သူ့ထံမှ ဆင်းသက်လာသောအာဏာကို ပြည်သူ့တို့ထံ ပြန်လည်စီးဆင်း စေခြင်းဆိုသော ကျင့်စဉ်သည် မှေးမှိန်လာနေသည်ကို သတိပြုမိကြောင်း ပြည်ခိုင်ဖြိုးပါတီက ပြောကြားခဲ့သည်။

နေပြည်တော် လွှတ်တော်အဆောက်အအုံဝင်းအတွင်းရှိ သဘင်ဆောင်တွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သော ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စာတမ်းကို ပါတီဗဟိုကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်းက ဖတ်ကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယနေ့မြန်မာနိုင်ငံတော်အနေဖြင့် ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်ပွဲများကို ၂၀၁၀ ခုနှစ်မှစ၍ စနစ်တကျဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းများအတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဆောင် ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ဆန္ဒအရ အနိုင်ရပါတီကို စနစ်တကျ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ ကျင့်စဉ်အတိုင်း လက်တွေ့အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဒီမို ကရေစီအနှစ်သာရတစ်ခုဖြစ်သော ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံ ပြန်လည်စီးဆင်းစေခြင်းဆိုသော ကျင့်စဉ်ကတော့ မှေးမှိန်လာနေတာကို သတိပြုမိပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်းက ပြောကြားသည်။

ဒီမိုကရေစီ၏အဓိပ္ပာယ်ကို နိုင်ငံရေးပညာရှင်များက အမျိုးမျိုးဖွင့်ဆိုကြရာတွင် အဓိကအားဖြင့် အရင်းအမြစ်၊ ရည်မှန်းချက် နှင့် လုပ်ထုံးလုပ်နည်းဆိုသည့် မျက်နှာစာသုံးရပ်တွေ့ရှိရမည်ဖြစ်ပြီး ဒီမိုကရေစီ လာရာ သည် လူထုဖြစ်၍ လားရာသည် လူထုအကျိုး ဖြစ်ခြင်းကြောင့် လူထုကို အခြေခံ၊ လူထုအတွက်၊ လူထုနည်းဆိုသည့် ဒီမိုကရေစီအဓိပ္ပာယ်ဖွင့်ဆိုချက်လောက် ပြီးပြည့်စုံသည့် ဖွင့်ဆိုချက် မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆိုသည်မှာ လောကပါလတရား နှင့် ကိုက်ညီသည့် နိုင်ငံရေးကျင့်စဉ်တစ်ခု ဖြစ်သလို မိမိနိုင်ငံ၏ ဖြစ်တည်မှု သမိုင်း ကြောင်းအရသော်လည်းကောင်း၊ ပထဝီ နိုင်ငံရေးအရသော်လည်းကောင်း၊ မိမိနိုင်ငံ၏ လူမျိုးဘာသာ အသွင်စရိုက်လက္ခဏာတို့ပေါ် မူတည်ပြီး နိုင်ငံတော်ကို အဓွန့်ရှည်တည် ငြိမ်ဖွံ့ဖြိုးစေနိုင်မည့် မိမိနိုင်ငံနှင့် အသင့်တော်ဆုံး နိုင်ငံရေးကျင့်စဉ်တစ်ရပ်သာ ဖြစ်ကြောင်း ပြည်ခိုင်းဖြိုးပါတီက တင်ပြခဲ့သည်။

ဆက်လက်ပြီး ကမ္ဘာပေါ်တွင် ဒီမိုကရေစီကို နှစ်ခြိုက်လိုလားအားပေးသည်ဟု တွင်တွင်ပြောနေကြသော်လည်း ဒီမိုကရေစီပေါ် တိုက်ရိုက်ခြိမ်းခြောက်နေသော အကြမ်းဖက် ဝါဒများသည်လည်း ရှိမြဲရှိဆဲပင်ဖြစ်ပြီး နိုင်ငံရှင်သန်ခိုင်မာရေးအတွက် ကြိုးစားရုန်းကန်နေရသော ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံများကိုလည်း ပထဝီနိုင်ငံရေးအရ အရေးပါမှုအပေါ် မူတည်၍ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးဆောင်ရွက်နေခြင်းနှင့် ကြားဝင်စွက်ဖက်ခြင်းများပင် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိ ရကြောင်း ဒေါ်ကျော့ယဉ်ဝင်းက ပြောကြားသည်။

 

Most Read

Most Recent