အမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်နှင့်မညီသော နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသည့် အစားအသောက်များ ဈေးကွက်၌ တွေ့ရှိနေကြောင်း FDA ထုတ်ပြန်

အမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်နှင့်မညီသော နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသည့် အစားအသောက်များ ဈေးကွက်၌ တွေ့ရှိနေကြောင်း FDA ထုတ်ပြန်
Published 16 September 2018

ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များနှင့်ပတ်သက်၍ FDA က ၂၀၁၇ ခုနှစ်အတွင်းက ရှောင်တခင်စစ်ဆေးစဉ်

အမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များနှင့် မညီသော နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသည့် အစားအသောက်များ ဈေးကွက်အတွင်း တွေ့ရှိနေကြောင်း စက်တင်ဘာ ၁၄ ရက်က မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ သည် ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၄ ‘နို့စို့ကလေးနှင့် ကလေးငယ်များအ တွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်’ ကို ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့်  နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဖော်ပြချက်များ စစ်တမ်းကောက်ယူရာ၌ အမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိသော စိစစ်တွေ့ရှိချက်များ တွေ့ရှိခဲ့ ကြောင်း သိရသည်။

ယင်းတွေ့ရှိချက်များမှာ နို့သီးခေါင်းပုံ၊ မိခင်နှင့် ကလေးပုံများ၊ နို့ဘူး၊ နို့သီးခေါင်း စသည့် ပစ္စည်းများ ကိုင်တွယ်အသုံးပြုနေသည့်ပုံများ ထည့်သွင်းထားခြင်းနှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော ဖော်ပြချက် များ ဖော်ပြထားခြင်း၊ အထူးသတိပြုရန် အချက်ဖော်ပြရန် ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍နောက်ခံဖော်ပြရမည့်  အရောင်လွဲမှားခြင်း၊ အထူးသတိပြုရန်အချက် ဖော်ပြမထားခြင်း၊ အနီရောင်ဖြင့် ရေးသားထားသော်လည်း ပြည့်စုံစွာ ဖော်ပြထားမှုမရှိခြင်း၊ အပြာရောင်အောက်ခံတွင် အပြာရင့်ရောင်ဖြင့် ရေးသားထားခြင်း၊ အစိမ်းရောင်အောက်ခံတွင် အနီရောင်ဖြင့် ရေးသားထားခြင်း၊ အလွယ်တကူ ကွာမထွက်နိုင်သော အောက်ခံပေါ်တွင် ရေးသားထားမှုမရှိခြင်း၊ ထုတ်လုပ်သည့် လုပ်ငန်း အမည်၊ တင်ပို့သူ/ဖြန့်ဖြူးသူအမည်နှင့် လိပ် စာများ ဖော်ပြမထားခြင်း၊ ထုတ်လုပ်သည့်  ရက်စွဲ ဖော်ပြမထားခြင်း၊ မြန်မာဘာသာဖြင့် ဖော်ပြမထားခြင်းနှင့် စွန့်ပစ်နည်း ဖော်ပြမထားခြင်း၊ ကျန်းမာရေးအားသာချက်များ၊ အကျိုးထူးစာသားများ၊ အာဟာရတန်ဖိုးများ (စာသား၊ ရုပ်ပုံ၊ ကာတွန်း) နှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော ဖော်ပြချက်များ ဖော်ပြထားခြင်း (သင့်ကလေးအတွက် အကောင်းဆုံးအစာဖြစ်သည်။ အကျိုးပြုအာဟာ ရဓာတ်များ ပါဝင်ခြင်းတို့ကြောင့် လေထိုးလေအောင့်ခြင်းတို့မှ သက်သာပြီး ကလေးငယ်၏ နာကျင်စွာငိုကြွေးရသော အချိန်ကို သိသာစွာ လျော့ကျစေပါသည်။ ကလေးငယ်အတွက် ကျန်းမာဖွံ့ဖြိုးမှုကို အထောက်အကူ ပြုသည့်အပြင် ဦးနှောက်နှင့် မျက်စိဖွံ့ဖြိုးမှုအ  တွက် DHA ထပ်မံပါဝင်ပါသည်။ ကလေးအာဟာရမှုန့်သည် အစာခြေဖျက်မှု အထူး ကောင်းမွန်စေပြီး ရင်သွေးငယ်များအတွက် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ် ၁၆ မျိုးပါဝင်ပါသည်) စသည့်ဖော်ပြချက်များ စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စိစစ်တွေ့ရှိခဲ့ခြင်းကြောင့် FDA ၏ထောက်ခံချက် ရရှိထားသည်ဖြစ်စေ၊ မရှိထားသည်ဖြစ်စေ အမိန့်နှင့်လျော်ညီစေရန် အမြန်ဆုံး ပြန်လည်စိစစ်ပြုပြင်၍ FDA သို့  ပြန်လည်တင်ပြ အတည်ပြုချက်ရယူပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နောက်ဆုံးထား၍ ပြောင်းလဲဖော်ပြရန် အသိပေးကြေညာထားကြောင်း သိရသည်။

Most Read

Most Recent