4th Miss Universe Taunggyi 2018 Winner ဆုကို သက်တန့်ရွှေရည်နန်း ရရှိခဲ့

4th Miss Universe Taunggyi 2018 Winner ဆုကို သက်တန့်ရွှေရည်နန်း ရရှိခဲ့
Published 15 September 2018

ဓါတ်ပုံ - စည်သာ(တောင်ကြီး)

စက်တင်ဘာ ၁၄ ရက် (ယနေ့) ညပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမတွင် The 4th Miss Universe Taunggyi 2018 ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး Winner ဆုကို ခါးနံပါတ်(3) သက်တန့်ရွှေရည်နန်း ရရှိခဲ့ကြောင်း သိရသည်။

The 4th Miss Universe Taunggyi 2018 ပွဲကို တောင်ကြီးမြို့တွင် စက်တင်ဘာလ ၉ ရက်မှ စတင်ကာ လူတွေ့စစ်ဆေးခဲ့ခြင်းဖြစ်ကာ၊ ပြိုင်ပွဲဝင် ၂၅ ဦးထဲမှ ဇကာတင် ၁၅ ဦး ရွေးချယ်ခဲ့ပြီး၊ စက်တင်ဘာ ၁၄ ရက် ၌ မြို့တော်ခန်းမတွင် အဆိုပါ ပြိုင်ပွဲဝင် ၁၅ ဦးထဲမှ ၇ ဦးကို ထပ်မံရွေးချယ်ပြီး၊ ထို ၇ ဦးထဲမှ ၃ ဦးကို ရွေးချယ် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Winner Prize ဆုကို ခါးနံပါတ်(3) သက်တန့်ရွှေရည်နန်း၊ First Winner Prize ခါးနံပါတ်(5) ဟန်နာဘာဘီ၊ Second Winner Prize ခါးနံပါတ်(1) ချစ်မေတ္တာချိုတို့မှ ရရှိခဲ့ကာ၊ အခြားသော Title ဆု ၇ မျိုးကိုလည်း ချီးမြှင့်ခဲ့ကြောင်း ပွဲစီစဉ်ကျင်းပသော အဖွဲ့ထံမှ သိရသည်။

“ ဒီ Miss Universe Taunggyi ကနေ အလှမယ် တစ်ယောက်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တောင်ကြီးက အလှမယ် တစ်ယောက်ဟာ ရန်ကုန်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရတဲ့အခါ ပြိုင်ပွဲ အတွေ့အကြုံ ရှိအောင်၊ အနာဂတ်မှာ ထွန်းတောက်လာအောင်ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ၄ ကြိမ်မြောက် ဖြစ်ပါတယ်။ ဒီမှာ ရွှေညောင်၊ ညောင်ရွှေ၊ အောင်ပန်း၊ နမ့်စန် တို့ကနေ လာရောက် ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ Winner ရတဲ့ ကလေးမဟာ တောင်ကြီးမြို့ ကိုယ်စားပြုအနေနဲ့ ရန်ကုန်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ” ဟု ပွဲကျင်းပရေး တာဝန်ခံ မှုန်နံ့သာ က ပြောကြားသည်။

ယခင်နှစ် Miss Universe Taunggyi 2017 ဆုရှင် ရွှန်းလဲ့ရတီ သည် ရန်ကုန်မြို့တွင် Miss Congenality Award ဆု ကို ရရှိခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent