နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာအချို့တွင် သံသယရာသီ တုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားသေဆုံးမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာအချို့တွင် သံသယရာသီ တုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားသေဆုံးမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 15 September 2018

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ လန်သန်းကျေးရွာနှင့် ပေါ်ကွန်ကျေးရွာတို့တွင် သံသယ ရာသီတုပ်ကွေးရောဂါအစုလိုက် ဖြစ်ပွား သေဆုံးမှုနှင့် ပတ်သက်၍ တုံ့ပြန် ဆောင်ရွက်ထားမှု အခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

နန်းယွန်းမြို့နယ်၊ ရမ်စီကျေးလက် ကျန်းမာရေးဌာန၊ ရှမ်ဟဲနုတ်ညို ကျေးလက် ကျန်းမာရေးဌာနခွဲအပိုင်၊ လန်သန်း ကျေးရွာတွင်ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ကလေးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရသဖြင့် နန်းယွန်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့ သည် သြဂုတ်၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိလည်းကောင်း၊ နန်းယွန်း မြို့နယ်မှ လက်ထောက်ကျန်းမာရေးမှူးဦးဆောင်သော အဖွဲ့သည် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိလည်းကောင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းအဖွဲ့သည်ယာယီဆေးခန်းဖွင့်လှစ်၍ ဆေးကုသမှုပေးခြင်း၊ လူနာများ နေထိုင်ရာ လန်သန်းကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လန်သန်းကျေးရွာတွင် ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါ လက္ခဏာများဖြင့် ကလေးငယ်သုံး ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ကျေးရွာတွင် ရာသီတုပ်ကွေးရောဂါ လက္ခဏာရှိသူလူနာ ၆၄ ဦးအား ကုသမှုပေးခဲ့ကြောင်း၊ ပြင်ပလူနာများ၏ အသက်အုပ်စုမှာ အသက် သုံးလမှ အသက် ၅၀ အထိ ဖြစ်ကြောင်းနှင့် ယင်းလူနာများမှာ သက် သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent