<

လီဗာပူးလ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဂရုစိုက်ကစားရန်လိုအပ်ကြောင်း PSG အသင်း နောက်ခံလူ အဲဗတ်စ် ပြောကြား

Photo: Getty Images

PSG အသင်း နောက်ခံလူ အဲလ်ဗတ်စ်က လီဗာပူးလ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို ဂရုစိုက်ကစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

PSG အသင်းသည် ၂၀၁၈-၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စု (C)၌ နာပိုလီ၊ လီဗာပူးလ်၊ ဇဗက်ဒါအသင်းတို့နှင့် ကျရောက်နေပြီး စက်တင်ဘာလ (၁၉)ရက်တွင် လီဗာပူးလ်အသင်းနှင့် အန်ဖီးလ်ကွင်း၌ အုပ်စုပထမဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

PSG အသင်းသည် ပြီးခဲ့သည့်နှစ်များအတွင်း ငွေကြေးများရင်းနှီးမြှုပ်နှံခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပြီးခဲ့သည့် (၂)ရာသီဆက်တိုက် ရှုံးထွက် (၁၆)သင်းအဆင့်နှင့်ပင် ကျေနပ်ခဲ့ရသည်။

ထို့ကြောင့် အဲလ်ဗတ်စ်က PSG အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တိုးတက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဲလ်ဗက်စ်က “လာမယ့် လီဗာပူးလ်နဲ့ပွဲမှာ ဂရုတစိုက်နဲ့ ကစားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်က အရမ်းခက်ခဲတဲ့ပြိုင်ပွဲ ဖြစ်ပြီး လီဗာပူးလ်က အသင်းကြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီပွဲကို အခြားပွဲတွေထက် ဂရုစိုက်ဖို့ လိုပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စိန်ခေါ်မှုကို ကျွန်တော်တို့ လက်ခံပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ရာသီနဲ့ ခြားနားတဲ့ ခြေစွမ်းကို ကျွန်တော်တို့ ပြသနိုင်ဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် အဲလ်ဗက်က PSG အသင်းမှာ ရင်းနှီးမှုများစွာပြုလုပ်ထားသည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အစောပိုင်းအဆင့်များမှ ပြုတ်သွား၍ အဆင်မပြေကြောင်းလည်း ပြောဆိုခဲ့သည်။

အဲလ်ဗက်စ်က “PSG အသင်းဟာ ကစားသမားတွေ၊ ၀န်ထမ်းတွေအတွက် ရင်းနှီးထားတွေ အများကြီးပါ။ ဒီတော့ ဒီလိုစစ်မှန်တဲ့ ပြိုင်ပွဲကြီးတွေမှာ စောစောစီးစီးပြိုင်ပွဲက ထွက်ခွာရတာမျိုးက အဆင်မပြေပါဘူး။ တစ်ခုခုတော့ ကျွန်တော် လုပ်ပြနိုင်သင့်ပါတယ်။ ဒီနှစ်မှာတော့ မနှစ်ကလို ဖြစ်လို့မရပါဘူး”ဟု ပြောကြားခဲ့သည်။

September 14, 2018














Copy Protected by Chetan's WP-Copyprotect.