ဒေါ်လာဈေးမြင့်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း လေးရက်ဆက်တိုက် စံချိန်ချိုးခဲ့ပြီး ကျပ် ၉၉၆၂၀၀ အထိ စံချိန်တင် မြင့်တက်

ဒေါ်လာဈေးမြင့်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း လေးရက်ဆက်တိုက် စံချိန်ချိုးခဲ့ပြီး ကျပ် ၉၉၆၂၀၀ အထိ စံချိန်တင် မြင့်တက်
Published 14 September 2018

ရန်ကုန်မြို့လယ်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၁၃ ရက်တွင် ၁၂၀၅ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးမြင့်နေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၉၉၆၂၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် စံချိန်တင်ထားကာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၅၈၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၆၁၃၀၀၊ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၆၃၅၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၆၄၅၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ဖြင့် ခြောက်ရက်ဆက်တိုက် စံချိန်ချိုးခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ကျပ် ၉၈၉၂၀၀၊ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၉၁၇၀၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၉၉၃၂၀၀၊ စက်တင်ဘာ ၁၃ ရက်တွင် ကျပ် ၉၉၆၂၀၀ ဖြင့် လေးရက်ဆက်တိုက် အမြင့်ဆုံး စံချိန်တင်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၄၁၀၀ (ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်)၊ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀ (သြဂုတ် ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀ (သြဂုတ် ၂၈ ရက်)တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃ -၁၃၅၄၊ မေတွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂- ၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၇၊ သြဂုတ် ၁၁၇၄-၁၂၂၁ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၅၀ ကျော်အထိ ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန်လဆန်းမှစ၍ အကျပိုင်းသို့ရောက်လာပြီး သြဂုတ်လလယ်တွင် ၁၁၇၄ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ကာ သြဂုတ် ၃၁ ရက်တွင် ၁၂၀၆ ဒေါ်လာ၊ စက်တင်ဘာ ၁၂ ရက်တွင် ၁၁၉၄ ဒေါ်လာ၊ စက်တင်ဘာ ၁၃ ရက်တွင် ၁၂၀၅ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်နေခဲ့သည်။

Most Read

Most Recent