မောင်တာမြို့နယ်အတွင်းမှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာ ရောက်ရှိလာသူ ၆၀၀ ဝန်းကျင်ရှိနေ

မောင်တာမြို့နယ်အတွင်းမှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာ ရောက်ရှိလာသူ ၆၀၀ ဝန်းကျင်ရှိနေ
Published 31 August 2017


ရခိုင်ပြည်နယ်၊ မောင်တာမြို့နယ်အတွင်းမှ စစ်တွေမြို့သို့ ရောက်ရှိလာသော နေရပ်စွန့်ခွာလာသူ ၆၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယင်းသို့နေရပ်စွန့်ခွာ လာကြသူများထဲတွင် မောင်တောတောင်ပိုင်း ကျေးရွာများမှ အများအပြား ပါဝင်ပြီး မြို့နှင့်အနီးဝန်းကျင် ကျေးရွာများမှလည်း ပါဝင်ကြောင်း သိရပြီး ၎င်းတို့အား စစ်တွေမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံခွင့်ပေးထားကာ ဒေသခံများက ကျွေးမွေးစောင့်ရှောက်မှုများ ပြုလုပ်ထားကြောင်းလည်း သိရှိရသည်။

“ကျွန်မတို့က မနေရဲတော့လို့ ထွက်ပြေးလာတပေါ့။ အနီးအနားမှာရှိနေတဲ့ ဘင်္ဂါလီရွာတွေကလည်း နေ့တိုင်း တိုက်ခိုက်ဖို့ ကြိုးစားတယ်။ ရွာကစခန်းမှာရှိတဲ့ ရဲတပ်သားတွေက အင်းအားနည်းတော့ စိုးရိမ်ရတယ်။ အဲဒါကြောင့် ထွက်ပြေးလာခဲ့ရတာပါ။ စစ်တွေမှာဆိုရင် ပိုမိုလုံခြုံမယ်လို့ ထင်လို့ပါ” ဟုလည်း ခရေမြိုင်ကျေးရွာမှ မေသက်စိုးက ပြောကြားခဲ့ပါသည်။

စစ်တွေမြို့အတွင်း ဓမ္မာရာမကျောင်းတွင် ၂၀၀ ကျော်၊ မဟာဇေယျသိဒ္ဓိ အဓိဌာန်ကျောင်းတွင် ၂၀၀ ဝန်းကျင်တို့ ခိုလှုံနေကြရပြီး ဆွေမျိုးသားချင်းများ အိမ်တွင်လည်း နေထိုင်မှုများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent