ပေါင်းလောင်း၊ ဖြူးနှင့် ရဲနွယ် ရေလှောင်တမံတို့တွင် ရေပိုလွှဲမှ သုံးပေကျော်အထိ ရေကျော်နေ

ပေါင်းလောင်း၊ ဖြူးနှင့် ရဲနွယ် ရေလှောင်တမံတို့တွင် ရေပိုလွှဲမှ သုံးပေကျော်အထိ ရေကျော်နေ
Published 13 September 2018

မြန်မာနိုင်ငံရှိ ရေလှောင်တမံများအနက် ပေါင်းလောင်း၊ ဖြူးနှင့် ရဲနွယ် ရေလှောင်တမံတို့တွင် ရေပိုလွဲှမှ သုံးပေကျော်အထိ ရေကျော်နေပြီး အခြားရေလှောင်တမံ ၄၅ ခုတွင်လည်း ရေကျော်နေကြောင်း စက်တင်ဘာ ၁၂ ရက်စွဲဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပေါင်းလောင်း ရေလှောင်တမံတွင် ရေလှောင်ပမာဏ ပေ ၅၆၀၀၀ ကျော်ရှိပြီး ရေပိုလွှဲမှ ၃ ဒသမ ၆၀ ပေအထိ ရေကျော်နေခြင်း ဖြစ်ကြောင်း၊ ဖြူးရေလှောင်တမံတွင် ရေလှောင်ပမာဏ ပေ ၆၉၀၀၀၀ ရှိပြီး ရေပိုလွှဲမှ ရေ ၃ ဒသမ ၈၀ ပေအထိ ရေကျော်နေခြင်း ဖြစ်ကြောင်း၊ ရဲနွယ်ရေလှောင်တမံတွင် ရေလှောင်ပမာဏ ပေတစ်သိန်းနီးပါး အထိရှိပြီး ရေပိုလွှဲမှ ၃ ဒသမ ၄၅ ပေအထိ ရေကျော်နေခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အခြားသော ရေလှောင်တမံများတွင် အနိမ့်ဆုံး တစ်ပေနီးပါးနှင့် အမြင့်ဆုံးသုံးပေနီးပါးအထိ ရေကျော်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ထားချက်တွင်မူ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရဲနွယ်ရေလှောင်တမံတွင် ရေပိုလွှဲမှ ၅ ဒသမ ၅၀ ပေအထိလည်းကောင်း၊ ဖြူးချောင်းရေလှောင်တမံမှ ၄ ဒသမ ၈၀ ပေ အထိလည်းကောင်း အသီးသီး ရေကျော်နေခဲ့သည်။

ရေပိုလွှဲမှ ရေကျော်နေသည့် ဆည်ကန် ၅၈ ခုအနက် ရဲနွယ်ရေလှောင်တမံမှာ ငါးပေကျော်သည်အထိ အမြင့်ဆုံး ရေကျော်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent