ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံမျိုးစုံ ဧကခြောက်သိန်းကျော်ပျက်စီးခဲ့ပြီး မိုးစပါးသီးနှံဧကလေးသိန်းကျော် ပျက်စီးခဲ့ကြောင်း ဒုတိယသမ္မတပြောကြား

Published 12 September 2018

ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံမျိုးစုံ ဧကခြောက်သိန်းကျော် ပျက်စီးခဲ့ပြီး မိုးစပါးသီးနှံဧကလေးသိန်းကျော် ပျက်စီးခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ကူညီဖြည့်ဆည်းပေးနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့အစည်းအဝေးသည် ယခုနောက်ပိုင်းကာလများတွင် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ မိမိတို့၏ အခြေခံစီးပွားရေးဖြစ်သည့် လယ်ယာကဏ္ဍထုတ်လုပ်မှုများ တိုက်ရိုက်ထိ ခိုက်ဆုံးရှုံးနေသည့်အတွက် ပြန်လည်ကုစား ပေးနိုင်ရန်နှင့် ထိရောက်စွာကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်းတွင် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတစ်ဝန်းတွင် ယနေ့ထိသီးနှံမျိုးစုံ ဧကခြောက်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး မိုးစပါးသီးနှံဧက လေးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော လယ်ဧကများကိုအချိန်မီ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန် မျိုးစပါးများ၊ ရေနစ်မြုပ်ခံရသဖြင့် ထိခိုက်သွားသည့် စပါးခင်းများကို ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သောသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာများနှင့် စိုက်ပျိုးစရိတ်အတွက် ထောက်ပံ့ငွေများကို ဘီလျံနှင့်ချီပြီး အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းအဖွဲ့များမှလည်း မျိုးစပါးများနှင့် ဓာတ်မြေသြဇာများကိုတတ်နိုင်သလောက် ကူညီပံ့ပိုးပေးနေသည်ကို တွေ့ရှိနေရသော်လည်း အလုံးစုံပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်လာမှ ကူညီထောက်ပံ့နေမည့်အစား သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်သည့် ရေရှည်တည်တံ့သည့်စနစ်တစ်ခု  သို့မဟုတ် အစီအစဉ်တစ်ရပ်ကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် ပြောကြားလိုပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။                     ဆန်းထူးအောင်

ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံမျိုးစုံ ဧကခြောက်သိန်းကျော်ပျက်စီးခဲ့ပြီး မိုးစပါးသီးနှံဧကလေးသိန်းကျော် ပျက်စီးခဲ့ကြောင်း ဒုတိယသမ္မတပြောကြား

ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံမျိုးစုံ ဧကခြောက်သိန်းကျော် ပျက်စီးခဲ့ပြီး မိုးစပါးသီးနှံဧကလေးသိန်းကျော် ပျက်စီးခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ကူညီဖြည့်ဆည်းပေးနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့အစည်းအဝေးသည် ယခုနောက်ပိုင်းကာလများတွင် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ မိမိတို့၏ အခြေခံစီးပွားရေးဖြစ်သည့် လယ်ယာကဏ္ဍထုတ်လုပ်မှုများ တိုက်ရိုက်ထိ ခိုက်ဆုံးရှုံးနေသည့်အတွက် ပြန်လည်ကုစား ပေးနိုင်ရန်နှင့် ထိရောက်စွာကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်းတွင် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတစ်ဝန်းတွင် ယနေ့ထိသီးနှံမျိုးစုံ ဧကခြောက်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး မိုးစပါးသီးနှံဧက လေးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော လယ်ဧကများကိုအချိန်မီ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန် မျိုးစပါးများ၊ ရေနစ်မြုပ်ခံရသဖြင့် ထိခိုက်သွားသည့် စပါးခင်းများကို ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သောသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာများနှင့် စိုက်ပျိုးစရိတ်အတွက် ထောက်ပံ့ငွေများကို ဘီလျံနှင့်ချီပြီး အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းအဖွဲ့များမှလည်း မျိုးစပါးများနှင့် ဓာတ်မြေသြဇာများကိုတတ်နိုင်သလောက် ကူညီပံ့ပိုးပေးနေသည်ကို တွေ့ရှိနေရသော်လည်း အလုံးစုံပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်လာမှ ကူညီထောက်ပံ့နေမည့်အစား သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်သည့် ရေရှည်တည်တံ့သည့်စနစ်တစ်ခု  သို့မဟုတ် အစီအစဉ်တစ်ရပ်ကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် ပြောကြားလိုပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent