ဟီရိုနာနှင့် ဘာစီလိုနာပွဲကို အမေရိကန်တွင် ကစားခွင့်ပြုရန် RFEF ထံ လာလီဂါအဖွဲ့ချုပ်နှင့် နှစ်ဖက်အသင်း တောင်းဆို

ဟီရိုနာနှင့် ဘာစီလိုနာပွဲကို အမေရိကန်တွင် ကစားခွင့်ပြုရန် RFEF ထံ လာလီဂါအဖွဲ့ချုပ်နှင့် နှစ်ဖက်အသင်း တောင်းဆို
Published 12 September 2018

Photo: Getty Images

လာလီဂါအဖွဲ့ချုပ်(LFP)၊ ဟီရိုနာနှင့် ဘာစီလိုနာအသင်းတို့သည် ဟီရိုနာ-ဘာစီလိုနာပွဲကို အမေရိကန်နိုင်ငံတွင် ကစားခွင့်ပြုရန် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

LFP ဥက္ကဋ္ဌ တီဘတ်စ်၊ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် ဟီရိုနာအသင်းဥက္ကဋ္ဌ ဒက်ဖ်လီဂီလီတို့သည် လာလီဂါပွဲစဉ် (၂၁)အဖြစ် ကစားမည့် ဟီရိုနာ-ဘာစီလိုနာ ပွဲစဉ်ကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီရှိ Hard Rock ကွင်း ကစားခွင့်ပြုရန် လက်မှတ်ရေးထိုးထားသည့် စာကို စပိန်ဘောလုံးအဖွဲ့ချုပ်ထံ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါတောင်းဆိုစာတွင် "ဘာစီလိုနာအသင်း၊ ဟီရိုနာအသင်းနှင့် လာလီဂါအဖွဲ့ချုပ်တို့သည် ဇန်နဝါရီလ (၂၆)ရက်တွင် လာလီဂါပွဲစဉ် (၂၁)မှ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဟီရိုနာ-ဘာစီလိုနာပွဲကို မိုင်ယာမီရှိ Hard Rock ကွင်းတွင် ကစားခွင့်ပြုရန် တောင်းဆိုအပ်ပါသည်"ဟု ပါရှိသည်။

Photo: Marca

သို့သော် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဥက္ကဋ္ဌဖြစ်သူ ရူဘီယာလက်စ်က လိဂ်ပွဲစဉ်များအား ပြည်ပတွင် ကစားမည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက လူသိရှင်ကြား ပြောကြားခဲ့သည်။

ထို့ကြောင့် အဆိုပါကိစ္စကို ညှိနှိုင်းရာ၌ အခက်အခဲများရှိနိုင်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

လာလီဂါအဖွဲ့ချုပ်သည် ဟီရိုနာ-ဘာစီလိုနာပွဲကို အမေရိကန်နိုင်ငံတွင် ကစားနိုင်ရေးနှင့် ပတ်သက်ပြီး အမေရိကန်ဘောလုံးအဖွဲ့ချုပ်၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်တို့နှင့် ကစားပြောရန် စီစဉ်နေကြောင်းလည်း သိရသည်။

ဟီရိုနာအသင်းသည် အဆိုပါပွဲစဉ်ကို အမေရိကန်တွင် ကစားရန် သဘောတူညီခဲ့ခြင်းအတွက် ယူရို(၄)သန်းရရှိမည်ဟု Diario Sport အားကစားသတင်းစာက ဖော်ပြခဲ့ပြီး ပရိသတ် (၁၅၀၀)ကို ပွဲကြည့်ရှုနိုင်ရန် အမေရိကန်သို့ အခမဲ့ပို့ဆောင်ပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။

Most Read

Most Recent