တရားစွဲဆိုထားသည်မှာ လေးလပြည့်ပြီ ဖြစ်သည့် အဆိုတော် အစ္စဏီအမှု မှုခင်းဆရာဝန်တစ်ဦးသာ စစ်ဆေးပြီးစီးသေး

တရားစွဲဆိုထားသည်မှာ လေးလပြည့်ပြီ ဖြစ်သည့် အဆိုတော် အစ္စဏီအမှု မှုခင်းဆရာဝန်တစ်ဦးသာ စစ်ဆေးပြီးစီးသေး
Published 11 September 2018

တရားစွဲဆိုထားသည်မှာ လေးလပြည့်ပြီ ဖြစ်သည့် အဆိုတော် အစ္စဏီအမှုတွင် မှုခင်းဆရာဝန် တစ်ဦးသာ စစ်ဆေးမှု ပြီးဆုံးသေးပြီး တရားလို စစ်ဆေးမှုမှာ လက်ရှိအချိန်ထိ မပြီးဆုံးသေးကြောင်း တာမွေမြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၀ ရက် ကြားနာမှုများအရ သိရသည်။

အဆိုတော် အစ္စဏီကို တာမွေမြို့နယ်တရားရုံး တွဲဖက်မြို့နယ် တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် ယခုနှစ် မေ ၁၀ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားလိုပြ သက်သေ ၁၀ ဦးကျော် တင်ပြထားသည့် ယင်းအမှုတွင် မှုခင်းဆရာဝန်ကိုသာ စစ်ဆေးပြီးစီးထားပြီး တရားလို မော်ဒယ် စူးရှထက်ကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။

လက်ရှိတွင် အဆိုပါအမှု အမှုတွဲမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေပြီး ရောက်ရှိနေသည့် အကြောင်းရင်းမှာ စွပ်စွဲခံရသူ အစ္စဏီဘက်မှ သက်သေအဖြစ် တင်ပြခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုကို မြို့နယ်တရားရုံးက လက်ခံခဲ့သည့်ကိစ္စအား ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စက်တင်ဘာ ၁၀ ရက် ရုံးချိန်းတွင် အမှုကို မစစ်ဆေးဖြစ်ပဲ စက်တင်ဘာ ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်တို့၏ အမှုမှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent