ကမ္ဘာ့အကောင်းဆုံးအသင်း FIFPro World XI အတွက် ဆန်ခါတင် (၅၅)ဦး စာရင်းတွင် လာလီဂါမှ ကစားသမား(၂၅)ဦးဖြင့် အများဆုံးဖြစ်ခဲ့

ကမ္ဘာ့အကောင်းဆုံးအသင်း FIFPro World XI အတွက် ဆန်ခါတင် (၅၅)ဦး စာရင်းတွင် လာလီဂါမှ ကစားသမား(၂၅)ဦးဖြင့် အများဆုံးဖြစ်ခဲ့
Published 11 September 2018

Photo:FIFA

၂၀၁၈ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်း FIFPro World XI အတွက် ဆန်ခါတင်စာရင်းကို စက်တင်ဘာ(၁၀)ရက်တွင် ထုတ်ပြန်လိုက်ရာ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းမှ ကစားသမား(၇)ဦးအထိ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့အကောင်းဆုံးအသင်းကို နှစ်စဉ်ရွေးချယ်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း(၆၅)နိုင်ငံမှ ပရော်ဖက်ရှင်နယ်ကစားသမား(၂၅၀၀၀)က မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

မဲပေးသူများသည် ဂိုးသမား(၁)ဦး၊ နောက်ခံလူ (၄)ဦး၊ ကွင်းလယ်လူ(၃)ဦးနှင့် ရှေ့တန်းလူ(၃)ဦးစီကို ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

နောက်ဆုံးရလဒ်အရ ရီးယဲလ်အသင်းမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲထွက်ကစားခဲ့သည့် ကစားသမား(၁၁)ဦးစလုံး ယခုစာရင်းတွင် ပါဝင်လာခဲ့ကြောင်းလည်း သိရှိရသည်။

သို့သော် ယင်းဗိုလ်လုပွဲတွင် အနိုင်ဂိုး(၂)ဂိုးသွင်းယူခဲ့သည့် ဝေးလ်စ်ကစားသမား ဂါရတ်ဘေးလ်မှာမူ ယခုစာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့ချေ။

ယခုစာရင်းတွင် လက်ရှိပရီးမီးယားလိဂ်မှ ကစားသမား(၁၆)ဦးပါဝင်ခဲ့ပြီး လိဂ်အလိုက်တွင် လာလီဂါကအများဆုံးအဖြစ် စုစုပေါင်းကစားသမား(၂၅)ဦးအထိ ပါဝင်ခဲ့သည်။

ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့က ကစားသမား (၁၁)ဦးစီပါဝင်လာခဲ့ပြီး အများဆုံးဖြစ်ခဲ့ကြောင်းလည်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး FIFPro World XI အသင်းကို ကမ္ဘာ့အကောင်းဆုံးဆု The Best ချီးမြှင့်မည့် စက်တင်ဘာ(၂၄) ရက်နေ့တွင်ပင် ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။

 

■ FIFPro World XI ဆန်ခါတင်စာရင်း
ဂိုးသမား(၅)ဦး
ဘူဖွန်(ဂျူဗင်တပ်စ်)၊ ကော်တိုအာ(ချယ်လ်ဆီး)၊ ဒီဟေးယား(မန်ယူ)၊ နာဗတ်စ်(ရီးယဲလ်)၊ စတီဂန်(ဘာစီလိုနာ)

နောက်တန်း(၂၀)ဦး
အယ်လ်ဘာ၊ မီနာ၊ ပီကေး၊ အမ်တီတီ၊ (ဘာစီလိုနာ)၊ အဲလ်ဗတ်စ်၊ သီယာဂိုဆေးလ်ဗား၊ (PSG)၊ ကာဗာဟယ်လ်၊ မာဆယ်လို၊ ရာမို့စ်၊ ဗာရန်း၊ (ရီးယဲလ်)၊ ချီလီနီ(ဂျူဗင်တပ်စ်)၊ လိုဗရန်၊ ဗန်ဒိုက်(လီဗာပူးလ်)၊ ဂိုဒင်၊ ဗာဆယ်လ်ကို(အက်သလက်တီကို)၊ ဟမ်းမဲလ်၊ ကင်မစ်ချ်(ဘိုင်ယန်မြူးနစ်)၊ ပါဗာ (စတုဂတ်)၊ ထရစ်ပီယာ(စပါး)၊ ဝေါ်လ်ကာ(မန်စီးတီး)

အလယ်တန်း(၁၅)ဦး
ဘူးစကွက်စ်၊ ကော်တင်ဟို၊ အင်နီယေစတာ၊ ရာကီတစ်(ဘာစီလိုနာ)၊ ကက်စမဲရိုး၊ အစ္စကို၊ ကရို့စ်၊ မိုဒရစ်(ရီးယဲလ်)၊ ဒီဘရိုင်းနား၊ ဒေးဗစ်ဆေးလ်ဗား(မန်စီးတီး)၊ ဟာဇက်၊ ကွန်တေ(ချယ်လ်ဆီး)၊ မာတစ်၊ ပေါ့ဘာ(မန်ယူ)၊ ဗီဒယ်လ်(ဘိုင်ယန်မြူးနစ်)

ရှေ့တန်း(၁၅)ဦး
ဘန်ဇီမာ၊ စီရော်နယ်လ်ဒို(ရီးယဲလ်)၊ ကာဗာနီ၊ ဘာပေ၊ နေမာ(PSG)၊ ဒီဘားလား၊ မန်ဇူကစ်၊ (ဂျူဗင်တပ်စ်)၊ ဂရီးဇ်မန်း(အက်သလက်တီကို)၊ ဟာရီကိန်း(စပါး)၊ လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်)၊ လူကာကူ(မန်ယူ)၊ မာနေ၊ ဆာလာ(လီဗာပူးလ်)၊ မက်ဆီ၊ ဆွာရက်ဇ်(ဘာစီလိုနာ)

Most Read

Most Recent