ဆရီနာဝီလျံကို US Open ဗိုလ်လုပွဲမှ အပြုအမူများအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း WAT ကမူ ဆရီနာဘက်မှ ထောက်ခံ

ဆရီနာဝီလျံကို US Open ဗိုလ်လုပွဲမှ အပြုအမူများအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း WAT ကမူ ဆရီနာဘက်မှ ထောက်ခံ
Published 11 September 2018

Photo: AFP

၂၀၁၈ US Open အမျိုးသမီး တစ်ဦးချင်းဗိုလ်လုပွဲမှ အပြုအမူများ အတွက် ဆရီနာဝီလျံကို US Open ပြိုင်ပွဲကျင်းပရေးကော်မတီက ဒဏ် ငွေပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ နိုင်ငံတကာ အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် WAT ကမူ ဆရီနာဝီလျံဘက်မှ ရပ်တည်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆရီနာဝီလျံသည် နာအိုမီအိုဆာကာနှင့် ယှဉ်ပြိုင်ကစားခဲ့ရသည့် ယင်းဗိုလ်လုပွဲတွင် Chair Umpire (အပေါ်ဒိုင်) ဖြစ်သူ ကားလို့စ်ရာမို့စ်နှင့် ပြဿနာများဖြစ်ပွားခဲ့သည်။

သူသည် ကားလို့ရာမို့စ်၏ သတိပေးမှု၊ အမှတ်လျှော့မှုပြစ်ဒဏ်များအပေါ် ဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရာမို့စ်ကိုလည်း မိမိ၏အမှတ်ကို ခိုးယူသူ၊ လူလိမ် စသည့် စကားလုံးများဖြင့် ကွင်းအတွင်း၌ ရန်တွေ့ပြောဆိုခဲ့သည်။

ယင်းအတွက်ကြောင့် ပြိုင်ပွဲကျင်းပရေးကော်မတီက ပွဲကြည့်စင်ပေါ်မှ နည်းပြဖြစ်သူနှင့် ဆက်သွယ်မှုအတွက် ဒဏ်ငွေဒေါ်လာ (၄၀၀၀)၊ Racquet ကို ရိုက်ချိုးခဲ့ခြင်းအတွက် ဒဏ်ငွေဒေါ်လာ (၃၀၀၀)၊ ကားလို့စ်ရာမို့စ်အား ဝေဖန်ပြောဆိုခဲ့မှုများအတွက် ဒဏ်ငွေဒေါ်လာ (၁၀၀၀၀)၊ စုစုပေါင်း ဒေါ်လာ (၁၇၀၀၀) ကို တပ်ရိုက်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကျင်းပရေးကော်မတီက ယင်းကဲ့သို့ ဒဏ်ငွေတပ်ရိုက်ခဲ့သော်လည်း WAT ကမူ ဆရီနာဝီလျံကို ထောက်ခံအားပေးခဲ့ပြီး၊ အမှုဆောင်ချုပ်ဖြစ်သူ စတိဗ်ဆီမွန်က " WAT ကတော့ ဆရီနာဝီလျံအပေါ် Chair Umpire ရဲ့ ပြုမူပုံကို အံ့သြမိပါတယ်။ ဆရီနာဝီလျံဟာ အားကစားသမားတစ်ဦးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေမျိုးကို အမှတ်လျှော့ခဲ့တာဟာ မယုံနိုင်စရာပါပဲ " ဟု ပြောကြားခဲ့သည်။

Most Read

Most Recent