ပြင်သစ်အတွက် ဂျရူး၏ သွင်းဂိုး (၃၂)ဂိုးအထိရှိလာခဲ့ပြီး ဇီဒန်းကို ကျော်ကာ ဂိုးအများဆုံးသွင်းသူစာရင်းတွင် အဆင့်(၄)နေရာသို့ ရောက်ရှိ

ပြင်သစ်အတွက် ဂျရူး၏ သွင်းဂိုး (၃၂)ဂိုးအထိရှိလာခဲ့ပြီး ဇီဒန်းကို ကျော်ကာ ဂိုးအများဆုံးသွင်းသူစာရင်းတွင် အဆင့်(၄)နေရာသို့ ရောက်ရှိ
Published 11 September 2018

ပြင်သစ်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူးဂျရူးသည် နယ်သာလန် အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက် အနိုင်ဂိုးကို လှလှပပသွင်းယူပေးခဲ့ပြီးနောက် လက်ရွေးစင်သွင်းဂိုး (၃၂)ဂိုးအထိ ရှိလာခဲ့သည်။

ယင်းအတွက်ကြောင့် သူသည် ပြင်သစ်ဂန္ထဝင်ကစားသမား ဇီဒန်းကိုကျော်ကာ ပြင်သစ်အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူများစာရင်းတွင် အဆင့် (၄)နေရာ၌ လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။

ပြင်သစ်အသင်းသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသည့် ကစားသမားမှာ အွန်နရီဖြစ်ပြီး စုစုပေါင်း (၅၁)ဂိုးအထိ သွင်းနိုင်ခဲ့သည်။

ဂျရူးသည် မူလက ဇီဒန်းနှင့်အတူ (၃၁) ဂိုးစီဖြင့် ပူးတွဲအဆင့် (၄)နေရာတွင် ရပ်တည်နေရာမှ ယခုအခါ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်သက်တမ်း ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အတွင်း ပွဲပေါင်း (၈၃)ပွဲတွင် (၃၂)ဂိုးသွင်းယူနိုင် ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent