လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံမှ သတ်မှတ် ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွဲှမှ ရေကျော်ကျမှုဖြစ်ပွား

လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံမှ သတ်မှတ် ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွဲှမှ ရေကျော်ကျမှုဖြစ်ပွား
Published 9 September 2018

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ မြို့နယ်ရှိ ရေဘုတ်ရေ လှောင်တမံ သတ်မှတ် ကန်ရေပြည့်အမှတ် ကျော်လွန်ကာ ရေပိုလွဲှ မှ ရေကျော်ကျမှု စက်တင်ဘာ ၇ ရက်က စတင်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“မိုး အဆက်မပြတ် ရွာနေတာဆိုတော့ ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွဲှ ကနေ ရေကျော်ကျမှု ဖြစ်ပွားတာပါ။ စိုးရိမ်စရာမရှိဘူးဆိုပေမယ့် ရေလှောင်တမံရေတွေက ရေလွှမ်းမိုးမှုကို အထောက်အကူပြု နေသလို ဖြစ်နေတယ်။ ရေလှောင်တမံရေက မြစ်ရေကျဆင်းမှုကို တန့်အောင် လုပ်နေတာဆိုတော့ ရေကြီးမှုက တော်ရုံကျဆင်းလာမှာ မဟုတ်ပါဘူး။ ရေလှောင်မှုကို မထိန်းသိမ်းနိုင်ရင် ဒုတိယ ဆွာဆည်လိုဖြစ်သွားမှာတော့ စိုးရိမ်စရာ ရှိပါတယ်” ဟု လှိုင်းဘွဲမြို့ခံတစ်ဦး က ပြောကြားသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လက်ရှိအချိန်၌ ပျမ်းမျှမိုးရေချိန် ၁ ဒသမ ၆၀ ရွာသွန်းမှုရှိသည့်အတွက် ရေဘုတ်ရေလှောင်တမံအတွင်း ရေပြည့်လျှံကာ ရေကျော်ကျမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ရေဘုတ်ရေလှောင်တမံသည် ရေပြည့် ပေ ၃၆ ပေနှင ကန်ရေသေပေမှာ ၁၉ ပေဖြစ်ကာ ရေလှောင်ပမာဏအနေဖြင့် ဧကပေ ၂၈၄၇၄ နှင့် ပေ ၂၃၇၆ ဖြစ်ပြီး ရေအနက်ပေ မှာ ၃၇ ဒသမ ၃၅ ဖြစ်ကြောင်း၊ ရေလှောင် ပမာဏအနေဖြင့် ဧကပေ ၃၁၉၃၉ ရှိသည့် အတွက် ရေကျော်မှုမှာ ၁ ဒသမ ၃၅ ပေဖြစ် ကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံအတွင်း ဆည်၊ ရေလှောင်တမံများအနက် ရေပိုလွဲှမှ ရေကျော်ကျသည့် ရေလှောင်တမံ ၆၁ ခုအ နက် ရေဘုတ်ရေလှောင်တမံလည်း ပါဝင်လျက်ရှိကြောင်း အစိုးရသတင်းစာများ၏ဖော်ပြချက်အရ သိရှိရသည်။

Most Read

Most Recent