အမှတ် ၄၂၂ မြေမြန်တပ်ရင်းမှ ပြန်လည်စွန့်လွှတ် အပ်နှံလာသည့် လယ်ယာမြေများကို လုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ခန်းမတွင် ပြုလုပ်

အမှတ် ၄၂၂ မြေမြန်တပ်ရင်းမှ ပြန်လည်စွန့်လွှတ် အပ်နှံလာသည့် လယ်ယာမြေများကို လုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ခန်းမတွင် ပြုလုပ်
Published 9 September 2018

အမှတ် ၄၂၂ မြေမြန်တပ်ရင်းမှ ပြန်လည်စွန့်လွှတ် အပ်နှံလာသည့် လယ်ယာမြေများကို လုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ခန်းမတွင် ပြုလုပ်

အမှတ် ၄၂၂ ခြေမြန်တပ်ရင်းမှ ပြန်လည်စွန့်လွှတ် အပ်နှံလာသည့် လယ်ယာမြေများအား လုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၈ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ခန်းမတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကိုယ်တိုင် တက်ရောက်ပေးအပ်ကြောင်း သိရသည်။

“ဒီပွဲမှာ ကျေးဇူးတင်စကားတော့ ကျွန်တော်ပြောရလိုက်ပါတယ်။ ပြောရတဲ့ အနေအထားမှာဆိုရင် သက်ဆိုင်ရာ မြို့နယ်ထွေအုပ်၊ တာဝန်ရှိသူတွေနဲ့ ရေးထားတဲ့ စာသားအတိုင်း စာရွက်ကိုင်ပြီးမှ ပြောနေရတဲ့ အနေအထားမျိုး ရှိတယ်ပေါ့နော်။ ဆိုလိုတာက ကျွန်တော်တို့ လွတ်လပ်စွာပြောဆိုခွင့် အပြည့်အ၀ မရှိဘဲနဲ့ ကျွန်တော်တို့ သိမ်းဆည်းခံ တောင်သူတွေရဲ့ အသံပေါ့နော် လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရှိတဲ့ အနေအထား လက်တွေ့ကြုံနေရတာပေါ့။ ကျေးဇူးတင်စကားထဲမှာ သူတို့ရေးသားတဲ့ စာသားအတိုင်း ကျွန်တော်တို့ ပြောတဲ့အခါကျတော့ ကျေးဇူးတင်ရတဲ့ အခန်းကဏ္ဍ အများကြီးပေါ့နော်။ ကျေးဇူးတင်လိုက်ရတယ်။ ကျေးဇူးတင်ထိုက် သူကိုတော့ ကျေးဇူးတင်ရမှာပါ။ သို့သော် ကျန်ရှိနေသေးတဲ့ သိမ်းဆည်းမြေတွေကို  အစိုးရက အမြန်ဆုံး ပြန်လည်စွန့်လွှတ်ဖို့ သက်ဆိုင်ရာ တပ်ကလည်းပေးဖို့ ထပ်ပြောချင်တယ်။ ဒါပေမဲ့ သူတို့ရေးထားတဲ့ စာသားထဲမှာ မပါတော့ ပြောခွင့်မရတဲ့ အနေအထားမှာရှိတယ်” ဟု ကျေးဇူးတင်စကား ပြောကြားရသော မိုးဗြဲတောင်သူများ၏ ကိုယ်စားလှယ်ဖြစ်သော ခွန်းအောင်မျိုးခန့်က ဆိုသည်။

မိုးဗြဲတောင်သူများ အနေဖြင့် ခမရ ၄၂၂ တပ်မှ သိမ်းထားသော ဘိုးဘွားပိုင်မြေ ဧက ၁၀၀၀ ကျော်အား ပြန်လည် စွန့်လွှတ်ပေးရန်အတွက် စာများအဆင့်ဆင့် တင်ပြခြင်းအပြင် ရိုးရာအရ သေလွန်သော ဘိုးဘွားများ၏ ဝိညာဉ်များအား သင်္ချိုင်းမှခေါ်ယူ သက်သေထူ ဦးဆောင်စေ၍ ဆန္ဒထုတ်ဖော်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်းများအား ခြောက်နှစ်နီးပါး ကြိုးစားပြုလုပ် ခဲ့ကြရပြီး ယခုအခါ ဧက ၂၀၀ ကျော် ပြန်လည်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

မိုးဗြဲအပြင် ဖယ်ခုံမြို့နယ်မှ တောင်သူများမှလည်း ခမရ ၃၃၆ မှ သိမ်းဆည်းထားသော ဘိုးဘွားပိုင်မြေများအား သက်ဆိုင်ရာသို့ စာများဖြင့် အကြိမ်ကြိမ် အဆင့်ဆင့် တင်ပြတောင်းခံသော်လည်း မရရှိသေးသောကြောင့် ယနေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်အား တိုက်ရိုက်တင်ပြမည်ဟု ပြင်ဆင်ထားသော်လည်း တားမြစ်ခံရသည်ဟု သိရသည်။

“ခုလိုပြည်နယ် ဝန်ကြီးချုပ်တွေလာပြီးမှ ပုံစံ ၇ ပေးအပ်တဲ့ပွဲကို ကျွန်တော်တို့ တအားဝမ်းမြောက်တယ်။ ကြိုဆိုတယ်။ ဒါပေမဲ့ ဖယ်ခုံဒေသရဲ့ ဖယ်ခုံမြို့ပေါ်ရဲ့ ခံစားချက်က ကျွန်တော်တို့က ဖွင့်ဟပြောပြ ခိုင်းစေချင်တယ်။ ဒါပေမဲ့ ပြောဖို့ခွင့်မသာခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဖယ်ခုံမှာက အရှေ့ဘက်မှာ အင်းရေပြင်၊ နောက်ဘက်မှာ တပ်သိမ်းမြေ၊ ကျွန်တော်တို့ လုပ်ကိုင်ဖို့နေရာ တအားခက်ခဲတယ်။ ပိုဆိုးတာက တပ်ကမြေယာသိမ်းပြီးမှ တောင်ယာသွားလမ်းကို ထပ်ပိတ်ထားတယ်။ ဒါကိုကျွန်တော်တို့က ပြည်နယ်ဝန်ကြီးချုပ်လာတဲ့ အခွင့်ကောင်းယူပြီးမှ ကျွန်တော်တို့ တင်ပြလို့ရအောင် ကြိုးစားခဲ့တယ်။ တင်ပြခွင့် မရှိခဲ့ဘူး” ဟု ဖယ်ခုံတောင် သူလယ်သမားများ ကိုယ်စားလှယ်ခွန်းအန် ဂျလိုက ပြောကြားသည်။

ဖယ်ခုံတောင်သူများမှာ တပ်သိမ်းမြေများမှ ပြန်လည်စွန့်လွှတ်ခြင်း မရှိသေးကြောင်း၊ မိုးဗြဲရေကာတာအတွက်  ဖယ်ခုံအင်းကို ရေသိုလှောင်သဖြင့် တောင်ယာများ ရေနစ်မြုပ်ခဲ့ကြရကြောင်း ခွန်းအန်းဂျလိုက ဆက်လက် ပြောကြားသည်။

Most Read

Most Recent