<

ဆောမြို့နယ် ကျောက်မီးသွေးကျင်းအတွင်း ပိတ်မိနေသူ ငါးဦးအနက် တစ်ဦး၏ ရုပ်အလောင်း ထပ်မံရရှိ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်ဆွဲကျေးရွာအုပ်စု ကျောက်မြောင်းကျေးရွာအနီးရှိ ထွန်းရာဇကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် လူငါးဦး စက်တင်ဘာ ၆ ရက်နံနက်မှစ၍ ပိတ်မိခဲ့ရာ စက်တင်ဘာ ၇ ရက်တွင် တစ်ဦးကို သေဆုံးလျက်တွေ့ရှိရသည်ဟု သိရသည်။

“ဒီကနေ့အခြေအနေက မိုးတွေကရွာပြီး ရေတွေရှိနေတော့ ရေတွေပြန်ထုတ်နေရတာ။ တွင်းထဲကထွက်တဲ့ဓာတ်ငွေ့တွေက များနေတော့ အောက်ဆီဂျင်ပေးတဲ့ ပိုက်ကတစ်လုံးတည်းဆိုတော့ ဓာတ်ငွေ့တွေက မနိုင်ဘူးဖြစ်နေတယ်။ ကယ်ဆယ်ရေးသမားတွေက အထဲမှာ လေရှူမရဘူးဖြစ်နေတယ်။ ဒါကြောင့် ဒီကနေ့ အောက်ဆီဂျင်ပိုက်တစ်လုံးကို တပ်ဆင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က နှောင့်နှေးနေတာပေါ့။ ဒီကနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်မှာ ကယ်ဆယ်ရေးအဖွဲ့ကတွင်းထဲ ဆင်းတယ်။ ၁ နာရီ မိနစ် ၅၀ မှာ အလောင်းတစ်လောင်းကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ထပ်ကျန်တဲ့လေးဦးကို ကယ်ထုတ်ဖို့ အတွက်က ကျောက်မီးသွေးတွင်းတွေထဲမှာ ဒေါက်တိုင်တွေက ပြိုနေတာဆိုတော့ အထဲဝင်ဖို့ အချိန်ယူရမယ်လို့ ဆင်းတဲ့သူတွေက ပြောတယ်။ ပြန်ပြီးတူးဖော်ရမယ့် အနေအထားပါ။ အထဲကို ကယ်ဆယ်ရေးကို ဆက်လုပ်ဖို့တော့ စီစဉ်နေတုန်းပဲ။ မနက်ဖြန်တော့ ကယ်ဆယ်ရေးဆက်လုပ်ဦးမှာပါ။ ကျင်းတွေကို အသစ်ပြန်တူး၊ ပြန်ဖောက်လုပ်ရဦးမှာ။ အဲဒါကို ပြန်လုပ်ဖို့အတွက် တူးဖော်ရေးသမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေ ညှိနေကြတယ်။ ရုပ်အလောင်းတစ်လောင်းရပြီးတော့ ကယ်ဆယ်ရေးကို ရပ်နားလိုက်ပါတယ်။ အထဲကမှာ လေးဦးကျန်သေးပါတယ်” ဟု ဆောမြို့နယ် ကြက်ခြေနီအဖွဲ့မှ ဦးစံဝင်းက ပြောကြားသည်။

 

September 8, 2018














Copy Protected by Chetan's WP-Copyprotect.