၁၄ နှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အမျိုးသားအား အလုပ်နှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်

၁၄ နှစ်အရွယ်မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အမျိုးသားအား အလုပ်နှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်
Published 8 September 2018

အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သားမယားပြုကျင့်ခဲ့သည့် အမျိုးသားအား အလုပ်နှင့် ထောင်ဒဏ် ၂၀ ကျခံစေရန် အရှေ့ပိုင်းခရိုင်တရားရုံး၌ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှတ်ရာတွင် အသက်မပြည့်သေးသည့် မိန်းကလေးအား သားမယား ပြုကျင့်မှု ကျူးလွန်သူအောင်ပိုင် (၂၃) နှစ်အား အမှုစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် စက်တင်ဘာ ၅ ရက်က အရှေ့ ပိုင်းခရိုင်တရားရုံး၌ အမိန့်ချခဲ့ကြောင်း သိရသည်။

အဆိုပါအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အမှုမှတရားလိုသည် နေအိမ်၌ အိပ်နေစဉ် အသက် ၁၄ နှစ်အရွယ် သမီးငယ်အိပ်ယာထဲတွင် မရှိတော့ကြောင်း သိရသဖြင့် ချက်ချင်းလိုက်လံစုံစမ်းရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေရာမှ သမီးငယ်အိမ်ပြန်ရောက်နေကြောင်းသိရ၍ နေအိမ်ပြန်လာကာ သမီးဖြစ်သူ မ.....(၁၄)နှစ်အား မေးမြန်းရာ ရည်းစားဖြစ်သူ အောင်ပိုင် (၂၃) နှစ်မှ ဖုန်းဆက်ချိန်ဆိုသဖြင့်  နေအိမ်မှ ထွက်ခဲ့ကြောင်း၊ နေအိမ်နှင့် ပေ ၁၀၀ ခန့်အကွာ ငါးမွေးမြူရေးကန်တွင် စကားထိုင်ပြောရာက အောင်ပိုင်မှ သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် ဥပဒေအရအရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

အဆိုပါအမှုဖြစ်စဉ်မှ ကျူးလွန်သူ ဒဂုံတောင်မြို့နယ်၊ စိုက်မွေးရပ်ကွက်တွင်နေထိုင်သူ အောင်ပိုင်အား ဒဂုံတောင်မြို့မရဲစခန်း က (ပ)၂၀၂၇။၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမူဖွင့်ခဲ့ပြီး အရှေ့ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent