Nations League ယှဉ်ပြိုင်ရမည်ကို စိတ်လှုပ်ရှားနေသည်ဟု မန်စီနီ ဆို

Nations League ယှဉ်ပြိုင်ရမည်ကို စိတ်လှုပ်ရှားနေသည်ဟု မန်စီနီ ဆို
Published 7 September 2018

Photo: AP

အီတလီလက်ရွေးစင်အသင်း၏နည်းပြ မန်စီနီက Nations League ပြိုင်ပွဲတွင် အီတလီနည်းပြအဖြစ်  စတင်ယှဉ်ပြိုင်ရမည်ကို စိတ်လှုပ်ရှားနေမိသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

မန်စီနီသည် အီတလီလက်ရွေးစင်အသင်းကို ပြီးခဲ့သည့်မေလတွင် စတင်ကိုင်တွယ်ခဲ့ပြီး ခြေစမ်းပွဲ(၃)ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ဖြစ်သည်။ သို့သော် Nations League မှာ ပြိုင်ပွဲတစ်ခုဖြစ်နေခြင်းကြောင့် ကစားသမားဘဝ
ပွဲဦးထွက်ရသကဲ့သို့ စိတ်လှုပ်ရှားနေမိကြောင်း မန်စီနီက ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်စီနီက "ကျွန်တော် (၁၆)နှစ်အ ရွယ်တုန်းက ကစားသမားဘဝ ပွဲဦးထွက်ခဲ့ရချိန်မှာ တကယ့်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ အခု မနက်ဖြန် ယှဉ်ပြိုင်ရမယ့်ပွဲအတွက်လည်း စိတ်လှုပ်ရှားနေမိပါတယ်"ဟု သ
တင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အီတလီအသင်းသည် စက်တင်ဘာ(၇)ရက်နေ့တွင် Nations League ပွဲဦးထွက်အဖြစ် ပိုလန်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စက်တင်ဘာ(၁၀)ရက်တွင် ပေါ်တူဂီအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အီတလီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်မြင်သည့်အတွက် နည်းပြအပြောင်းအလဲပြုလုပ်ကာ မန်စီနီကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မန်စီနီသည် အင်တာမီလန်အသင်းနှင့် စီးရီးအေတွင်  အောင်မြင်မှုများ ရယူနိုင်ခဲ့ရုံသာမက ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းကို ကိုင်တွယ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။

သို့သော် လက် ရွေးစင်အသင်းတစ်သင်းကို ယခုမှ စတင်ကိုင်တွယ်ဖူးခြင်းဖြစ်ပြီး အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်လိုခြင်းကြောင့် ဝင်ငွေပိုကောင်းသည့် ကလပ်အသင်းများ၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ခြင်းဖြစ်
ကြောင်းလည်း သိရှိရသည်။

မန်စီနီက "ကျွန်တော်တို့ ရင်ဆိုင်ရမှာ စာရွက်ပေါ်မှာ ကျွန်တော်တို့ထက် ပိုကောင်းတဲ့အသင်းတွေပါ။ ဒါပေမဲ့ အုပ်စုဗိုလ်ဖြစ်အောင် ကြိုးစားသွားမှာ ပါ။ ပွဲတိုင်းမှာ (၃)မှတ်ရယူနိုင်အောင် ကစား သွားမှာပါ"ဟု ပြောကြားခဲ့သည်။

အီတလီအသင်းသည် ပေါ်တူဂီ၊ ပိုလန်အသင်းတို့နှင့် (၃)သင်းသာပါဝင်သည့် League (A) Group-3 တွင် ကျရောက်နေပြီး အုပ်စုဗိုလ်အသင်းသာ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

Most Read

Most Recent