အမျိုးသမီးငယ် တစ်ဦးအား သားမယား ပြုကျင့်ခဲ့သော အမျိုးသားကို ထောင် ၁၃ နှစ် ချမှတ်

အမျိုးသမီးငယ် တစ်ဦးအား သားမယား ပြုကျင့်ခဲ့သော အမျိုးသားကို ထောင် ၁၃ နှစ် ချမှတ်
Published 6 September 2018

အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်ဖြင့် တင်ခေါ်ပြီး သားမယားပြုကျင့်ခဲ့သော အမျိုးသားအား အရှေ့ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ နှစ်ခုဖြင့် ထောင် ၁၃ နှစ် ချမှတ်ခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ရာတွင် ကျူးလွန်သူ မြတ်ထွန်း (၄၀နှစ်) အား အမှု စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင် ၁၀ နှစ်၊ ပုဒ်မ ၃၆၃ အရ ထောင်သုံးနှစ်တို့ကို သီးခြားစီ ကျခံစေရန် စက်တင်ဘာ ၄ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မေ ၆ ရက်တွင် တရားလို၏ သမီး မ…..အား ဈေးဝယ်ခိုင်းရာမှ နေအိမ်သို့ ပြန်ရောက်ခြင်း မရှိ၍ လိုက်လံရှာဖွေခဲ့သည်။

မေ ၇ ရက်တွင် သမီးဖြစ်သူ မ.....မှာ သန်လျင်မြို့နယ် ထမလုံကျေးရွာတွင် ရောက်နေကြောင်း သိရသဖြင့် တရားလိုမှ သွားရောက် ခေါ်ဆောင်ပြီး သမီးအား မေးမြန်းရာ ၎င်းအား တစ်ရပ်ကွက်တည်းနေ မြတ်ထွန်းမှ စကားပြောစရာရှိ၍ ခဏလိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့သဖြင့် ဆိုင်ကယ်ဖြင့် လိုက်သွားခဲ့ကြောင်း၊ ယင်းနောက် ၉၃ ရပ်ကွက် ဘုရားလေးလမ်း အနီးရှိ လယ်ကွင်းသို့ ရောက်သော် မြတ်ထွန်းမှ ချစ်ကြောင်း၊ ကြိုက်ကြောင်းပြော၍ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent