လီဗာပူးလ် ကစားသမားသစ် ဆာလာနှင့် တွေ့ဆုံခြင်း

လီဗာပူးလ် ကစားသမားသစ် ဆာလာနှင့် တွေ့ဆုံခြင်း
Published 8 July 2017

လာမယ့်ရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ လီဗာပူးလ်အသင်းဟာ ရိုးမားအသင်းရဲ့ အီဂျစ် တောင်ပံကစားသမား မိုဟာမက်ဆာလာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဇွန် ၂၂ ရက်မှာ အပြီးသတ်ခေါ်ယူခဲ့ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ ဆာလာနဲ့ အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက် Liverpoolfc.com တို့ ပထမဆုံးပြုလုပ်တဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

မေး - အသင်းကနေ ကြိုဆိုပါတယ်။ လီဗာပူးလ်ကစားသမားတစ်ဦးအဖြစ် အမှန်တကယ်ဖြစ်လာတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။

ဖြေ - ကျွန်တော် အရမ်းပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်က အီဂျစ်ကတစ်ဆင့် ပြီးခဲ့တဲ့နှစ်ရက်မှာ ဒီကိုထွက်လာခဲ့တာပါ။ အခု လီဗာပူးလ်မှာရှိနေပြီး လွန်ခဲ့တဲ့တစ်နာရီကပဲ လက်မှတ် ရေးထိုးခဲ့ပါတယ်။ အခု ဒီမှာရှိနေရတာ အရမ်းပျော်ရွှင်ပါတယ်။

 

မေး - ဒီကိုပြောင်းရွှေ့လာဖို့ ဆုံးဖြတ်တဲ့အချိန်မှာ မန်နေဂျာရဲ့လွှမ်းမိုးမှုက ဘယ်လောက်အထိရှိခဲ့လဲ။

ဖြေ - သူနဲ့အတူ ရာသီသစ် စတင်ဖို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူက လူကြီးလူကောင်းတစ်ယောက်၊ ထိပ်တန်းနည်းပြတစ်ဦးဆိုတာ လူတိုင်းသိထားပြီးသားပါ။

Most Read

Most Recent