ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သား ၉၀၀၀ ကျော်အနက် ထွက်ပြေးနေသည့် လုပ်သား ၄၀၀ ကျော်ရှိကြောင်း သိရ

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သား ၉၀၀၀ ကျော်အနက် ထွက်ပြေးနေသည့် လုပ်သား ၄၀၀ ကျော်ရှိကြောင်း သိရ
Published 5 September 2018

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သား ၉၀၀၀ ကျော်အနက် ထွက်ပြေးနေသည့် လုပ်သား ၄၀၀ ကျော်ရှိပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စုံစမ်းသိရသည်။

ဂျပန်အစိုးရ၏ ဒုက္ခသည်ခိုလှုံခွင့် အစီအစဉ်ကြောင့် မြန်မာလုပ်သားများမှာ လုပ်ငန်းခွင်များမှ ထွက်ပြေး၍ ဒုက္ခသည်ခိုလှုံခွင့်ဖြင့် ဂျပန်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြောင်း သိရသည်။

“ထွက်ပြေးတဲ့ စာရင်းတွေကတော့ အစ်မတို့ဌာနကို ဂျပန်မှာရှိတဲ့ မြန်မာသံရုံးကပေးတဲ့ စာရင်းတွေပေါ့။ ဂျပန်ရဲ့ မူဝါဒအရ သူတို့က နေခွင့်ရတယ်။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေရင်း ထွက်ပြေးသွားတဲ့ မြန်မာလုပ်သား ၄၀၀ ကျော်လောက်ရှိတယ်။ ဂျပန်မှာက သူတို့မူဝါဒအရ ပတ်စ်ပို့တွေ အကုန်ပေးကိုင်ထားရတာ။ အလုပ်ရှင်က ယူထားလို့မရဘူး။ အဲဒီတော့ သူတို့က သွားချင်တဲ့နေရာ သွားလို့ရနေတာပေါ့” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်း အလုပ်သမားဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးက ပြောကြားသည်။

ယင်းကဲ့သို့ ဂျပန်နိုင်ငံတွင် မြန်မာလုပ်သားများ ထွက်ပြေးခြင်းများ ထပ်မံဖြစ်ပွားမှု မရှိစေရန်အတွက် လုပ်သားစေလွှတ်သည့် အေဂျင်စီများမှာ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent