ရေပိုက်လိုင်း အစားထိုး လဲလှယ်မည်ဖြစ်၍ ရန်ကုန်တိုင်း မြို့နယ် ၁၉ ခု ရေဖြတ်မည်

ရေပိုက်လိုင်း အစားထိုး လဲလှယ်မည်ဖြစ်၍ ရန်ကုန်တိုင်း မြို့နယ် ၁၉ ခု ရေဖြတ်မည်
Published 5 September 2018

ရန်ကုန်မြို့အတွင်း ရေပေးဝေလျက်ရှိသည့် ပိုက်လိုင်းအား အစားထိုးလဲလှယ်မှု ပြုလုပ်မည်ဖြစ်သဖြင့် မြို့နယ် ၁၉ ခုတွင် စက်တင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ရေဖြတ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက် က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့အတွင်း ရေပေးဝေလျက်ရှိသည့် လှော်ကား ၆၆” ကွန်ကရစ်ပိုက်လိုင်းကြီး အစားထိုးလဲလှယ် ဆက်သွယ်မှု လုပ်ငန်းကို မရမ်းကုန်းမြို့နယ် ကျောက်တော်ကြီး ဘုရားအနီးတွင် ခေတ္တရေဖြတ်တောက်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်စဉ် စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီမှ စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီအတွင်း ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် ရေပြတ်တောက်မှုနှင့် ရေအားလျော့နည်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

ရေဖြတ်တောက်ထားသည့် ရက်များတွင် လိုအပ်ချက်ရှိပါက အရှေ့ပိုင်းခရိုင်မှူး ၀၉-၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်မှူး ၀၉-၂၅၀၂၈၃၈၁၂၊ တောင်ပိုင်းခရိုင်မှူး ၀၉-၅၀၅၄၅၆၅၊ မြောက်ပိုင်းခရိုင်မှူး ၀၉-၅၀၈၁၂၂၉ တို့ကို ဆက်သွယ်နိုင်သည်။

Most Read

Most Recent