အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ လှုပ်ရှားနေသည့်နယ်မြေ၌ နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ထားသည့် ပစ္စည်းများ အပါအဝင် မိုင်းများ တွေ့ရှိ

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ လှုပ်ရှားနေသည့်နယ်မြေ၌ နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ထားသည့် ပစ္စည်းများ အပါအဝင် မိုင်းများ တွေ့ရှိ
Published 30 August 2017

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ထားသည့် ပစ္စည်းများ အပါအဝင် မိုင်းများ တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယနေ့ နံနက် ၁၁ နာရီတွင် ကိုးတန်ကောက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့် အကွာနေရာသို့ အရောက်၌ လျှိုအတွင်းမှ အလျား ၁၂ လက်မ၊ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံး၊ ရီမုတပ်ဆင်ထားသော မိုင်း ၃ လုံး၊ ပွိုင့် ၃၀၃ ကျည် ၇ တောင့်၊ ပေ ၁၀၀ ခန့် ဝါယာကြိုး ပါကင်ထုတ် ၃ ထုတ်၊ အဝေးထိန်းရီမု ၆ ခု၊ ဓာတ်ခဲ ၃ လုံး၊ WFP တံဆိပ်ပါ ဆန်အိတ် ၁ အိတ်၊ USAID တံဆိပ်ပါဆန်အိတ် ၁ အိတ်နှင့် ဆေးမျိုးစုံထည့်ထားသည့် ဆာလာအိတ် ၇ အိတ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါနေရာ အနီးတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent