ရိုက်တာသတင်းထောက် နှစ်ဦးကိစ္စ ပြည်တွင်း ပြည်ပမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်နေပြီး နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံမှ အလေးထား စဉ်စားပေးပါရန် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

ရိုက်တာသတင်းထောက် နှစ်ဦးကိစ္စ ပြည်တွင်း ပြည်ပမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်နေပြီး နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံမှ အလေးထား စဉ်စားပေးပါရန် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
Published 4 September 2018

ရိုက်တာသတင်းထောက် နှစ်ဦးကိစ္စ ပြည်တွင်း ပြည်ပမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်နေပြီး နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံမှ အလေးထား စဉ်စားပေးပါရန် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်းထောက်နှစ်ဦးအား ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေအရ တစ်စုံတစ်ရာ မှတ်ချက်ပြုရန် မရှိကြောင်း ဖော်ပြထားသည်။

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စကို နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံမှ အလေးထား စဉ်းစားပေးပါရန်နှင့် အယူခံတက်ခွင့်၊ ရှေ့နေနှင့်တွေ့ဆုံခွင့် အပါအဝင် ၎င်းတို့၏ လူ့အခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်ခဲ့သည်။

အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် အများပြည်သူရှေ့မှောက်၌ အမှုစစ်ဆေးနေစဉ်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့သည့်အပြင် ကော်မရှင်ရုံး အရာရှိများကိုလည်း တရားရုံးသို့စေလွှတ်၍ သွားရောက် လေ့လာစေခဲ့ကြောင်း၊ ကိုသက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ နှစ်ဦးသည် မိသားစုနှင့် တွေ့ဆုံခွင့်၊ ရှေ့နေနှင့် တွေ့ဆုံခွင့်တို့ ရရှိခဲ့ပြီး ခုခံဖြေရှင်းခွင့်လည်း ရရှိခဲ့သည်ကို တွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

Most Read

Most Recent