<

ဆိုင်ကယ်တိုက်၍ ကလေးသေဆုံးသဖြင့် ဆိုင်ကယ်မောင်းသူအား ရိုက်နှက်ရာမှ ဆိုင်ကယ်မောင်းသူသေဆုံးသည့်ဖြစ်စဉ် မောင်တော ရွှေဇားကျေးရွာတွင် ဖြစ်ပွား

ဆိုင်ကယ်တိုက်၍ ကလေးသေဆုံးသွားသဖြင့် ဆိုင်ကယ်မောင်းသူအား ရိုက်နှက်ရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးသည့်ဖြစ်စဉ် မောင်တော ရွှေဇားကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် ည ၇ နာရီအချိန် ရွှေဇားကံဘဲရွာနေ မမုဆနာမှာ ရွာကားလမ်းမပေါ်၌ သုံးဘီးတက္ကစီမှ ရှစ်လသား အရွယ်ကလေးအားချီလျက် အဆင်းတွင် တစ်ရွာတည်းနေ တာရဲစ်အာဇီစ်က ဆိုင်ကယ်ဖြင့်ဝင်တိုက်၍ ကလေးပြုတ်ကျ သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှ ဆိုင်ကယ်ဖြင့် ၀င်တိုက်သူအား ကလေးမိသားစုတို့ကခေါ်ကာ ကလေးမိဘများနေအိမ်၌ ရိုက်နှက်၍ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူနှစ်ဦးစလုံးအား စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ရွှေဇားကံဘဲသုသာန်တွင် မြှုပ်နှံခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အမှန်အား သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လျက်ရှိပြီး ဥပဒေအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

September 2, 2018














Copy Protected by Chetan's WP-Copyprotect.