၂၀၁၄-၂၀၁၅ မှ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဘဏ္ဍာနှစ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ပညာရေးအသုံးစရိတ် ကျပ် ၇၀၂၂ ဘီလျံကျော် သုံးစွဲခဲ့ဟု သိရ

၂၀၁၄-၂၀၁၅ မှ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဘဏ္ဍာနှစ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ပညာရေးအသုံးစရိတ် ကျပ် ၇၀၂၂ ဘီလျံကျော် သုံးစွဲခဲ့ဟု သိရ
Published 3 September 2018

၂၀၁၄-၂၀၁၅ မှ၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဘဏ္ဍာနှစ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ပညာရေးအသုံး စရိတ်ငွေကျပ် ၇၀၂၂ဘီလျံကျော် သုံးစွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ  ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ပညာရေး အသုံးစရိတ်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် (အမှန်စာရင်း)အရ တိုင်းဒေသကြီးမှ ငွေကျပ် ၃၇၆၅၁၂ ဒသမ ၉၁၉ သန်းနှင့် ပြည်ထောင်စုမှ ၈၄၆၂၈၀ ဒသမ ၁၉၇ သန်း၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် (ရှေ့ပြေးအမှန် စာရင်း)အရ တိုင်းဒေသကြီးမှ ငွေကျပ် ၁၉၅၈၉၃ ဒသမ ၂၁၄ သန်း နှင့် ပြည်ထောင်စုမှ ငွေကျပ် ၁၃၃၇၅၃၈ ဒသမ ၄၁၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးမှ ငွေကျပ် ၁၉၀၂၅၃ ဒသမ ၅၇၃ သန်းနှင့် ပြည်ထောင်စုမှ ငွေကျပ် ၁၄၂၅၇၂၀ ဒသမ ၉၆၁ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (မူလခန့်မှန်းခြေ) စာရင်းအရ တိုင်းဒေသကြီးမှ ငွေကျပ် ၂၂၇၅၆၀ ဒသမ ၁၆၂ သန်း နှင့်ပြည်ထောင်စုမှ ငွေကျပ် ၁၅၂၈၄၈၀ ဒသမ ၈၆၂သန်း၊ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလ(၆)) တွင် တိုင်းဒေသကြီးမှ ငွေကျပ် ၉၁၂၇၆ ဒသမ ၅၀၂ သန်းနှင့် ပြည်ထောင်စုမှ ငွေကျပ် ၈၀၁၉၇၂ ဒသမ ၃၈၃ သန်းတို့ဖြစ်ပြီး ၂၀၁၄-၂၀၁၅ မှ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ဘဏ္ဍာနှစ် ကာလအတွင်း စုစုပေါင်း ငွေကျပ် ၇၀၂၂ ဒသမ ၄၈၈၆၅ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော စုစုပေါင်းပညာရေးအသုံး စရိတ်များသည် တစ်နှစ်ထက်တစ်နှစ်တိုး မြင့်လာသော်လည်း ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွက် သုံးစွဲသော ပညာရေးအသုံးစရိတ်မှာ ၂၀၁၅-၂၀၁၆ ခုနှစ်နှင့် ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် လျော့နည်းပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၏ အဆင့်မြင့်၊ အခြေခံ၊ နည်းပညာ၊ သက်မွေး၊ သုတေသန၊ တီထွင်မှုဌာနအဖွဲ့အစည်း အလိုက်ပညာရေးအသုံးစရိတ်အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် (အမှန်စာရင်း)အရ စုစုပေါင်း ငွေကျပ် ၃၇၆၅၁၂ ဒသမ ၉၁၉ သန်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် (ရှေ့ပြေးအမှန်စာရင်း) အရ ငွေကျပ် ၁၉၅၈၉၃ ဒသမ ၂၁၄ သန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၁၉၀၂၅၃ဒသမ ၅၇၃ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး (မူလခန့် မှန်းခြေစာရင်း) အရ ငွေကျပ် ၂၂၇၅၆၀ ဒသမ ၁၆၂သန်းနှင့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ငွေကျပ် ၉၁၂၇၆ ဒသမ ၅၀၂ သန်းတို့ဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၁၀၈၁ ဒသမ၄၉၆၃၇ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရသည်။

Most Read

Most Recent