ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူများနှင့် အဆိုပါ အလုပ်သမားများအား ခိုင်းစေသူ အလုပ်ရှင်များကို ဖမ်းဆီးအရေးယူမှုများရှိနေ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူများနှင့် အဆိုပါ အလုပ်သမားများအား ခိုင်းစေသူ အလုပ်ရှင်များကို ဖမ်းဆီးအရေးယူမှုများရှိနေ
Published 3 September 2018

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူများနှင့် အဆိုပါ အလုပ်သမားများကို ခိုင်းစေသူ အလုပ်ရှင်များကို ထိုင်းနိုင်ငံ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ မလိုက်နာသော အလုပ်ရှင်၊ သူဌေးအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား နေထိုင်အလုပ်လုပ်ကိုင်မှု ဥပဒေတို့အရ ရွှေ့ပြောင်းအလုပ်သမားများကို ပြီးခဲ့သည့် နှစ်လအတွင်း နိုင်ငံလုံးအဆင့် ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ စုစုပေါင်း နှစ်လအတွင်း ဖမ်းဆီးအရေးယူခဲ့သော အရေအတွက် စုစုပေါင်း အလုပ်ရှင်၊ သူဌေး ၄၄၀၀၊ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၈၁၂၈၂ ဦး၊ မြန်မာ ၅၆၆၂၈ ဦး၊ လော ၃၇၁၈ ဦး၊ ကမ္ဘောဒီးယား ၁၉၅၅၂ ဦး၊ ဗီယက်နမ် ၁၀၉ ဦး၊ အခြားနိုင်ငံသား ၁၂၇၅ ဦးရှိကြောင်း သိရသည်။

ထိုဖမ်းဆီးရရှိပြီးသော စာရင်းမှ ပြစ်မှုပြစ်ဒဏ်စီရင်ခြင်း ပြီးစီးသော အရေအတွက်မှာ အလုပ်ရှင်၊ သူဌေး ၃၃၄၊ နိုင်ငံခြားသားရွှေ့ ပြောင်းအလုပ်သမား စုစုပေါင်း ၂၃၄၁ ဦး၊ မြန်မာ ၁၅၇၆ ဦး၊ လော ၁၉၂ ဦး၊ ကမ္ဘောဒီးယား ၃၈၁ ဦး၊ ဗီယက်နမ် ၁၀၆ ဦး၊ အခြားနိုင်ငံသား ၈၆ ယောက်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေခန့်ထားရေးရုံး (Department of Employment – DOE) ကျန်ဟမ်ငမ်းရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တစ်ဆက်တည်းမှာပင် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဇူလိုင်လ ၁၈ ရက်နေ့က ကလေးအလုပ်သမား ခိုင်းစေတဲ့ အလုပ်ရှင်ကို တရားစွဲဆို အရေးယူရန် ဟုဆိုကာ ဖိစနူလု(ပ်) မြို့ ကလေးပြုပြင် ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားရှိတဲ့ မဲဆောက်မြို့မှ မြန်မာကလေး အလုပ်သမား ၁၇ ယောက် ပြန်လည်လွတ်မြောက်လာမှု မရှိသေးဘူး။ ခုအခါ တစ်လခွဲကျော် ကြာလာပြီ။ ၎င်း ၁၇ ယောက် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေဖို့ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ဲ ထိုင်းအလုပ်သမား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတို့အား ပန်ကြားတိုက်တွန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent