ပန်းချီ ဇွဲရန်နိုင်နှင့် တွေ့ဆုံခြင်း

ပန်းချီ ဇွဲရန်နိုင်နှင့် တွေ့ဆုံခြင်း
Published 8 July 2017

ပြီးခဲ့သည့် ဧပြီလအတွင်းက တရုတ်နိုင်ငံ တိုင်ပေမြို့တွင် နိုင်ငံတကာ အနုပညာရှင်ပေါင်းများစွာပါဝင်သည့် အနုပညာပွဲတော်တစ်ခု ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်တွင် ပါဝင်ပြသနိုင်ရန်အတွက် နိုင်ငံအသီးသီးရှိ အနုပညာရှင်များသည် အနုပညာလက်ရာများ ပေးပို့ယှဉ်ပြိုင်ရခြင်းဖြစ်ကာ ရွေးချယ်ခံရသည့် အနုပညာလက်ရာများကိုသာ ပြသခွင့်ပြုသည့် ထင်ရှားသည့် အနုပညာပွဲတော်တစ်ခု ဖြစ်ပါသည်။ အဆိုပါပွဲတော်တွင် ပြသခွင့်ရရှိသည့် အနုပညာရှင်များအနက်မှ အကဲဖြတ်ဒိုင်များဖြင့် အကောင်းဆုံးလက်ရာကို ဆုရွေးချယ်ကာ ဆုပေးအပ်လေ့ရှိသည့် အနုပညာပွဲတော်လည်း ဖြစ်သည်။ ယင်း Art Revolution Taepei 2017 အနုပညာပွဲတော်တွင် မြန်မာနိုင်ငံမှ ပန်းချီဆရာ ၁၅ ဦး ဝင်ရောက်ပြသခွင့်ရရှိခဲ့သည့်အပြင် ယခုနှစ်ပြပွဲအတွင်း ပါဝင်ပြသကြသည့် နိုင်ငံတကာ အနုပညာရှင်များအနက် အကောင်းဆုံး အနုပညာလက်ရာဆုကို မြန်မာနိုင်ငံမှ ပန်းချီဇွဲရန်နိုင်က ရရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြုကာ ဆုရရှိခဲ့သည့် ရခိုင်တိုင်းရင်းသား ပန်းချီဇွဲရန်နိုင်နှင့်တွေ့ဆုံကာ ပန်းချီအနုပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပုံ၊ ဆုရပန်းချီကား ဖန်တီးဖြစ်ပုံနှင့် အနုပညာခံယူမှုများအကြောင်းတို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည် . . .

Most Read

Most Recent