<

သက်တော် ၁၀၁ နှစ်၊ သိက္ခာတော် ၈၁ ၀ါ၌ ပျံလွန်တော်မူခဲ့သည့် ဟင်္သာတမြို့၊ မဟိတာရုမ်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တက္ကန္ဒြိယာသဘ၏ အန္တိမအဂ္ဂိဈာပန ပူဇနသဘင် ပြုလုပ်

ဓာတ်ပုံ – အောင်ကျော်မျိုး

ဟင်္သာတမြို့၊ မဟိတာရုမ်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်၊ ဓမ္မာနုဓမ္မ မဟာဒွါရ နိကာယ တေရသမ သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တက္ကန္ဒြိယာသဘ၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား မီးသဂြိုလ်ပူဇော်သည့် အခမ်းအနားကို ဟင်္သာတမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အန္တိမအဂ္ဂိဈာပန ပူဇနသဘင်ကို သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုပ်ကလပ်တော်အား ဟင်္သာတမြို့တွင်း လှည့်လည်အပူဇော်ခံခဲ့သည်။

ထို့နောက် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ဟင်္သာတမြို့ သာသနာ့ဗိမာန်တော်ကြီးအနီး ကွင်းပြင်ရှိ လောင်တိုက်တော်သို့ ဒေ၀ါဝင်း ရာဇာဝင်းများဖြင့် ပင့်ဆောင်ကာ မီးသဂြိုင်္ဟ်ပူဇော်ခဲ့သည်။ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇနသဘင်သို့ အစိုးရနှင့် လွှတ်တော်ပိုင်းမှ တာဝန်ရှိသူများ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဆရာတော် သံဃာတော်များ တပည့်ဒါယိကာ ဒါယိကာမများ လာရောက်ပူဇော် ဂါရ၀ပြုခဲ့ကြသည်။

 

August 29, 2017














Copy Protected by Chetan's WP-Copyprotect.