ဒေးဗစ်ဘက်ခမ်၏ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုစံချိန်မျိုး မီလ်နာ ပိုင်ဆိုင်

ဒေးဗစ်ဘက်ခမ်၏ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုစံချိန်မျိုး မီလ်နာ ပိုင်ဆိုင်
Published 2 September 2018

Photo: Getty Images

လီဗာပူးလ်ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှု အကြိမ် (၈၀)အထိ ရှိလာခဲ့ပြီး မန်ယူဂန္ထဝင် ဒေးဗစ်ဘက်ခမ်း၏ စံချိန်နှင့် တူညီသွားခဲ့ကြောင်း သိရသည်။

လီဗာပူးလ်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် ပရီးမီးယားလိဂ်ပွဲစဉ် လက်စတာ (၁-၂)လီဗာပူးလ်ပွဲတွင် ပွဲချိန် (၄၅)မိနစ်၌ ဖေမီနို ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့သည်။

ယင်းဂိုးဖန်တီးမှုမှာ အင်္ဂလန်လက်ရွေးစင်ဟောင်း မီလ်နာအတွက် ပရီးမီးယားလိဂ်တွင် အကြိမ် (၈၀)မြောက်  ဂိုးဖန်တီးမှု ဖြစ်ခဲ့ပြီး မန်ယူအသင်း၏ ကွင်းလယ်လူဟောင်း ဘက်ခမ်၏ စံချိန်နှင့် တူညီသွားခဲ့သည်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်သည် မန်ယူအသင်းတွင် ၁၉၉၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှုအကြိမ် (၈၀)အထိ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် (၃၂)နှစ်အရွယ်ရှိ မီလ်နာသည် ပရော်ဖက်ရှင်ကစားသမားဘဝကို ၂၀၀၂ ခုနှစ်တွင် လိဒ်အသင်းနှင့် စတင်ခဲ့ပြီး နယူးကာဆယ်၊ ဗီလာ၊ မန်စီးတီးအသင်းတို့တွင် ကစားခဲ့ကာ ၂၀၁၅ ခုနှစ်တွင် လီဗာပူးလ်အသင်းသို့
ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

မီလ်နာသည် ပရီးမီးယားလိဂ် ကစားသမား (၁၆)နှစ်တာ ကာလအတွင်း ဂိုးဖန်တီးမှု အကြိမ် (၈၀)အထိ ပြုလုပ်နိုင်ခဲ့သလို၊ (၄၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။ မီလ်နာသည် ၎င်းဂိုးသွင်းသည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ၎င်းပါဝင်ကစားသည့် အသင်းလုံးဝရှုံးပွဲမရှိသည့် စံချိန်ကိုလည်း ပိုင်ဆိုင်ထားသည်။

ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားသူများ
ရိုင်ယန်ဂစ် - ၁၆၂ ကြိမ်
ဖာဘရီဂတ်စ် - ၁၁၁ ကြိမ်
ဝိန်းရွန်နီ - ၁၀၃ ကြိမ်
လမ်းပတ် - ၁၀၂ ကြိမ်
ဘားကမ့် - ၉၄ ကြိမ်
ဂျာရတ် - ၉၂ ကြိမ်
ဘက်ခမ် - ၈၀ ကြိမ်
မီလ်နာ - ၈၀ ကြိမ်

Most Read

Most Recent