အာရှဖလားခြေစစ်ပွဲအကြို ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း မလေးရှားကို အနိုင်ရ

အာရှဖလားခြေစစ်ပွဲအကြို ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း မလေးရှားကို အနိုင်ရ
Published 30 August 2017

 


Photo - ကောင်းထက်အောင်

၂၀၁၈ အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင် ကစားနေသော မြန်မာ့လက်ရွေးစင်အသင်း သည် မလေးရှားလက်ရွေးစင်အသင်းနှင့် သြဂုတ် ၂၉ ရက် ညနေ ၄ နာရီက သုဝဏ္ဏကွင်း ၌ ခြေစမ်းကစားခဲ့ရာ (၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တိုက် စစ်တွင် ကျော်ကိုကိုçကို အထောင်ထားပြီး ကွင်းလယ်တွင် မင်းမင်းသူ၊ တင်ဝင်းအောင်၊ သီဟဇော်၊ ရန်အောင်ကျော်၊ ဒေးဗစ်ဒန်း၊ သက်နိုင်၊ နောက်တန်းတွင် ဇော်မင်းထွန်း၊ ဝင်းမင်းထွဋ်၊ သိန်းသန်းဝင်းနှင့် ဂိုးသမား သီဟစည်သူတို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ယခု ခြေစမ်းပွဲတွင် ကစားပုံပိုမိုမာကျောလာပြီး တောင်ပံနှစ်ဖက်မှ အဓိက တိုက်စစ်ဆင်ကစား ခဲ့သည်။ မလေးရှားအသင်း သည် မြန်မာအသင်းဘက်သို့ ထိထိရောက် ရောက်ထိုးဖောက်နိုင်ခြင်းမရှိဘဲ တန်ပြန်တိုက် စစ်ကိုသာ အသုံးပြုကစားခဲ့သည်။

၈၉ မိနစ် တွင် မင်းမင်းသူ တင်ဝင်းအောင်တို့၏ တွဲလုံးမှ တစ်ဆင့် ကျော်ကိုကိုက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent