မှော်ဘီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းနံဘေးရှိ ခမရ (၇၀၂) တပ်ဝင်း မိသားစုလိုင်းခန်းအနီးရှိ ချုံနွယ်ကိုင်းတောအတွင်း ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးလျက်တွေ့ရှိ

မှော်ဘီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းနံဘေးရှိ ခမရ (၇၀၂) တပ်ဝင်း မိသားစုလိုင်းခန်းအနီးရှိ ချုံနွယ်ကိုင်းတောအတွင်း ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးလျက်တွေ့ရှိ
Published 2 September 2018

မှော်ဘီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ခမရ (၇၀၂) တပ်ဝင်း မိသားစုလိုင်းခန်းအနီးရှိ ချုံနွယ်ကိုင်းတောအတွင်း အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သြဂုတ် ၃၁ ရက် ညနေ ၅ နာရီခန့်တွင် မှော်ဘီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ခမရ (၇၀၂) တပ်ဝင်း မိသားစုလိုင်းခန်း အနီးရှိ ချုံနွယ်ကိုင်းတောအတွင်း သေဆုံးနေသည့် အသက်ခြောက်နှစ်အရွယ် မိန်းကလေး တစ်ဦး၏ အလောင်းတွေ့ရှိကြောင်းနှင့် သေဆုံးသူ မိန်းကလေးအား မိသားစုလိုင်းခန်း အနောက်ဘက် ပေ ၄၀၀ ခန့်ရှိ ချုံနွယ် ကိုင်းတောအတွင်း တွေ့ရှိခဲ့ပြီး လည်ပင်း၌ အဆိုပါ မိန်းကလေး ဝတ်ဆင်ထားသည့် အစိမ်းရောင် ဘောင်းဘီတိုပတ်လျက် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ မှောက်လျက် သေဆုံးနေပြီး တပ်မတော် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆက်လက်စစ်ဆေးနေကြောင်းနှင့် သေဆုံးသူမှာ ခမရ (၇၀၂ ) တပ်ဝင်း အတွင်းနေ တပ်ကြပ်ကြီး တစ်ဦး၏ သမီးဖြစ်သည်။ ရဲတပ်ဖွဲ့မှ သေဆုံးသူ မိန်းကလေး၏ ဖခင်ဖြစ်သူ တပ်ကြပ်ကြီးအား စုံစမ်းမေးမြန်းရာ အသက် ခြောက်နှစ်အရွယ် မိန်းကလေးမှာ သြဂုတ် ၃၁ ရက်တွင် အဘွားဖြစ်သူ နေမကောင်းသဖြင့် ကျောင်းသို့မသွားဘဲ နေအိမ်လိုင်းခန်းတွင် ဆော့ကစားနေရာမှ ထမင်းစားချိန်တွင် ထမင်းကျွေးရန်ရှာစဉ် မတွေ့ရှိတော့ဘဲ လိုက်ရှာရာမှ ချုံနွယ်ကိုင်းတောအတွင်း သေဆုံးနေသည်ကို တွေ့ခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်အား မှော်ဘီမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၁/၂၀၁၈ ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent