“ငြိမ်းချမ်းဖို့အတွက် ကျွန်တော်တို့ ဘယ်လိုပူးပေါင်းလုပ်ဆောင်မယ်ဆိုတာပဲ။ ကျွန်တော်တို့ ပူးပေါင်းခြင်းဖြစ်ပါတယ်။ခေါင်းဆောင်လည်း မဟုတ်ပါဘူး”

“ငြိမ်းချမ်းဖို့အတွက် ကျွန်တော်တို့ ဘယ်လိုပူးပေါင်းလုပ်ဆောင်မယ်ဆိုတာပဲ။ ကျွန်တော်တို့ ပူးပေါင်းခြင်းဖြစ်ပါတယ်။ခေါင်းဆောင်လည်း မဟုတ်ပါဘူး”
Published 8 July 2017

ငိမ်းချမ်းဖို့အတွက် ကျွန်တော်တို့ ဘယ်လိုပူးပေါင်းလုပ်ဆောင်မယ် ဆိုတာပဲ။ ကျွန်တော်တို့ ပူးပေါင်းခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်လည်း မဟုတ်ပါဘူး”

‘ဝ’ အထူးဒေသ (၂) စစ်ဒေသ ၁၇၁ ကနေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးမှုကို ဇွန် ၂၆ ရက်က ပုံပါကျင်မြို့နယ် ဟွေ့အောဒေသမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာဆိုရင် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ဇွန် ၂၆ ရက်အထိ စစ်ဒေသ ၁၇၁ နယ်မြေအတွင်း ဖမ်းဆီးရမိထားတဲ့ စိတ်ကြွဆေးပြားတွေ၊ ဘိန်းဖြူတွေနဲ့ ဘိန်းမည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ၀ လက်နက်ကိုင်အဖွဲ့ (UWSA) ရဲ့ တောင်ပိုင်း စစ်ဒေသ အမှတ် (၂) နယ်မြေ စစ်ဦးစီးမှူး ဦးရန်ကော်ကျုံးက ၀ နယ်တောင်ပိုင်းဖြစ်တဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟွေ့အောဒေသမှာ ဘိန်းပင်လုံးဝမရှိကြောင်း အာမခံပြီး လာရောက်စစ်ဆေးမှုတွေ ပြုလုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို ပြောကြားခဲ့တဲ့ အပေါ်နဲ့ ‘ဝ’ ဒေသတစ်ခုလုံး မူးယစ်ဆေးဝါး ကင်းစင်မှုရှိ မရှိ အခြေအနေတွေ၊ UWSA ရဲ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ‘ဝ’ အထူးဒေသ (၂) ဒုစစ်ဒေသမှူး ဦးကျလောဘိုရဲ့ ကိုယ်စားလှယ် ဦးဟဲလူ၊ ‘ဝ’ အထူးဒေသ(၂) စစ်ဒေသ (၁၇၁) ဒုနိုင်ငံရေးမှူး ဦးညီကပ်တို့နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Most Read

Most Recent