နှစ်ပေါင်း ၂၀ ကျော်က ဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးဘီယာ ဖက်စပ်ထုတ်လုပ်ခဲ့သော မြန်မာရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုအား အများနှင့်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ သုံးခုဖြင့် စသုံးလုံးက တရားစွဲဆိုထားမှု စွဲချက်တင်အမိန့်ချ

နှစ်ပေါင်း ၂၀ ကျော်က ဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးဘီယာ ဖက်စပ်ထုတ်လုပ်ခဲ့သော မြန်မာရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုအား အများနှင့်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ သုံးခုဖြင့် စသုံးလုံးက တရားစွဲဆိုထားမှု စွဲချက်တင်အမိန့်ချ
Published 1 September 2018

နှစ်ပေါင်း ၂၀ ကျော်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးဘီယာဖက်စပ်လုပ်ကိုင်ခဲ့သော မြန်မာရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုအား အများနှင့်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ သုံးခုဖြင့် စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း သြဂုတ် ၃၁ ရက်တွင် စုံစမ်းသိရှိရသည်။

“သြဂုတ် ၃၀ ရက်က ဒေါ်ဝင်းဝင်းနုကို အ.ပ.က ၃ ပုဒ်မသုံးခုစလုံးနဲ့ စွဲချက်တင်ခဲ့တယ်။ သူ့အမှုကို ဒုခရိုင်တရားသူကြီး ၈ တရားခွင်မှာ စစ်ဆေးနေတာပါ။ စက်တင်ဘာ ၆ ရက်ကို စစ်ဆေးဖို့အတွက် ထပ်ပြီးရုံး ချိန်းချိန်းဆိုထားပါတယ်” ဟု အရှေ့ပိုင်းခရိုင်  တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ့ရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုမှာ ၁၉၉၃ ခုနှစ်က အစိုးရနှင့် အတူမန္တလေးဘီယာစက်ရုံကို ဖက်စပ်လုပ်ကိုင်ခဲ့ကြောင်းသိရပြီး စက်ရုံလည်ပတ်စဉ် ၁၉၉၄ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း ဘီယာချက်ရန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ သကြားဝယ်ယူရာတွင် ဈေးနှုန်းကိုမမှန်မကန် တင်ပြခဲ့သည်ဟုဆိုကာ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၉၇ ခုနှစ်တွင်စက်မှုဝန်ကြီး ဦးအောင်သောင်း လက်ထက်က ငွေကြေးရင်းနှီးမြှုပ်နှံမှု အပိုင်းများ၌ အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စစ်အစိုးရက စက်ရုံအား ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ငွေကြေးနှင့် ပတ်သက်ပြီးလည်း ထိန်းချုပ်ခံခဲ့ရကြောင်း ၂၀၁၃ ခုနှစ်တွင် ဧရာဝတီကဖော်ပြထားသည့် သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

ယင်းအဖြစ်အပျက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးတွင် စစ်အစိုးရနှင့် ဒေါ်ဝင်းဝင်းနုတို့ အကြား တရားစွဲဆိုမှုများ ရှိခဲ့ရာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။

စက်ရုံကို ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် အစိုးရကပြန်သိမ်းယူပြီးနောက် ဒေါ်ဝင်းဝင်းနုမှာ စင်ကာပူနိုင်ငံတွင် သွားရောက်နေထိုင်ခဲ့ကြောင်းသိရပြီး ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာပြည်သို့အလည်အပတ်ရောက်ရှိနေစဉ် အဆိုပါအမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

အများနှင့်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ နှင့် တရားစွဲဆိုခံရသူကို တရားရုံးက ပြစ်ဒဏ် အမိန့်ချမည်ဆိုပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ် ခံရနိုင်ကြောင်း သိရသည်။

Most Read

Most Recent