သီဟတင်စိုးအား လိမ်လည်အမှုဖွင့်ခဲ့သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့်ပင် ပဲခူးမြို့၌ အမှုဖွင့်ခံထားရသူအား တရားရုံးက တရားရှင်လွှတ်ပေး

သီဟတင်စိုးအား လိမ်လည်အမှုဖွင့်ခဲ့သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့်ပင် ပဲခူးမြို့၌ အမှုဖွင့်ခံထားရသူအား တရားရုံးက တရားရှင်လွှတ်ပေး
Published 31 August 2018

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကဲ့သို့ ပဲခူးမြို့တွင်ဒေါ်ခင်မာညို(ခ)ဒေါ်ခင်မာမြင့်၏ စွပ်စွဲမှုကြောင့် ပဲခူးမြို့တရားရုံးတွင် မုဒိမ်းမှုဖြင့်အမှုရင်ဆိုင်နေရသော အောင်နိုင်ထွန်းအား သြဂုတ်၃၁ရက်နံနက်ပိုင်းက တရားရှင်လွှတ်ပေးလိုက်ကြောင်း ပဲခူးမြို့နယ်တရားသူကြီးက ပြောကြားသည်။

``ဒီအမှ ုကိုတရာရုံးတင်တာက မတ်လ၂၉ရက်နေ့က ပထမဆုံးရုံးတင်တယ်ရုံးချိန်း ၁၉ ချိန်း ခေါ်ယူခဲ့ပြီး တရားလိုပြသက်သေ ၉ ဦးကို စစ်ဆေးခဲ့ပါတယ် ဒီလိုစစ်ဆေးချက်တွေအရ အောင်နိုင်ထွန်းကို စွဲချက်တင်ဖို့ပြစ်မှ ုတစ်စုံတစ်ရာမတွေ့ရတဲ့အတွက် တရားရှင်လွှတ်ပေးခဲ့တာပါ´´ဟုပဲခူးမြို့နယ်တရားသူကြီး ဦးစိုးမင်းက ပြောကြားသည်။
``ဒီအမှ ုနဲ့ပတ်သက်ပြီး ကျွန်တော်အချုပ်ထောင်ထဲမှာ ၅ လလောက် နေခဲ့ရပါတယ်။ ပြစ်မှုတစ်စုံတစ်ရာမရှိလို့ တရားသူကြီးက ကျွန်တော့်ကို တရားရှင်လွှတ်ဖို့ အမိန့်ချခဲ့ပါတယ်။ ဒါလည်းတရားမျှတတဲ့အဖြေပါ။ ဒါပေမယ့်ထောင်ထဲမှာ နေခဲ့ရတဲ့ရက်တွေအတွက် ကျွန်တော်အများကြီး နစ်နာပါတယ်။ ကျွန်တော်မရှိတော့ ကျွန်တော့်အမေလည်း သူများအိမ်ကပ်နေရတယ်။ တရားမျှတအောင် ဥပဒေအရပြန်လည် အရေးယူစေချင်ပါတယ်´´ဟု အောင်နိုင်ထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ (၁- ၃ -၂၀၁၈)နေ့က ပဲခူးမြို့ပန်းလှိ ုင်၂၁ လမ်းရှိ ဦးမင်းမင်းဒေါ်ဝင်းမာမြင့်တို့၏ နေအိမ်မှလူယုံအလုပ်သမား အောင်နိုင်ထွန်းအသက်၂၈နှစ် အဘဦးခင်ထွန်း မဇင်းရပ်ကွက် အိုးလေးစုပိုင်း ပဲခူးမြို့နေသူအား ဒေါ်ခင်မာညို အသက်၄၀နှစ် အဘဦးငွေမောင်းသူဌေးကုန်းကျေးရွာ ရေနံချောင်းမြို့နယ် မကွေးတိုင်းနေသူမှ မုဒိမ်းပြုကျင့်မှု ုဖြင့် ပဲခူးမြို့အမှတ် ၃ ရဲစခန်းတွင် ( ပ) ၁၆၆/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှ ုဖွင့်ခဲ့ကြောင်း သိရသည်။
ယခုအခါပဲခူးမြို့နယ်တရားသူကြီးမှ ရုံးချိန်း ၁၉ ကြိမ်ခေါ်၍ ဆေးစစ်ချက်ပေးသော ဆရာဝန်အပါအဝင်တရားလိုပြ သက်သေ ၉ ဦးကို စစ်ဆေးပြီးသောအခါ အောင်နိုင်ထွန်းတွင်ပြစ်မှ ုတစ်စုံတရာမတွေ့ရှိ၍ စွဲချက်မတင်မီ တရားရှင်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent