လေးယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရ

လေးယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရ
Published 31 August 2018

 

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ လေးယောက်တွဲအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းက အိမ်ရှင်အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စု (A)တွင် အင်ဒိုနီးရှား၊ လာအို၊ ဂျပန်၊ တရုတ်အသင်းတို့နှင့် အတူ ကျရောက်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းကို (၂)ပွဲပြတ် ရှုံးနိမ့်ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုအဆင့် ပွဲစဉ် (၄)ပွဲကစားရာတွင် တရုတ်အသင်း တစ်သင်းတည်းကိုသာ (၂)ပွဲပြတ်ဖြင့် အနိုင်ရခဲ့ပြီး လာအို၊ အင်ဒိုနီးရှားတို့ကို (၂)ပွဲပြတ်ရှုံးနိမ့်ကာ ဂျပန်အသင်းကို (၂-၁)ပွဲဖြင့်  ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အုပ်စု (A)တွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းက အုပ်စု ပထမ၊ ဂျပန်အသင်းက အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ပြီး မြန်မာအသင်းမှာ အုပ်စုတွင်းအသင်း(၅)သင်းထဲ၌ အဆင့် (၄)နေရာသာ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent