ဒီဘားလားအတွက် ရီးယဲလ်နှင့် ဂျူဗင်တပ်စ် သဘောတူညီမှုရခဲ့သည်ဟု သတင်းများထွက်ပေါ်

ဒီဘားလားအတွက် ရီးယဲလ်နှင့် ဂျူဗင်တပ်စ် သဘောတူညီမှုရခဲ့သည်ဟု သတင်းများထွက်ပေါ်
Published 31 August 2018

Photo: Getty Images

ရီးယဲလ်မက်ဒရစ်အသင်းသည် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လိုဒီဘားလားအား ယူရိုသန်း (၁၈၀)ဖြင့် ခေါ်ယူရန်သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဒီဘားလားအား စီရော်နယ်လ်ဒို၏နေရာတွင် အစားထိုးရန် ရည်ရွယ်ထားပြီး ကျောနံပါတ်(၇)ကို အစားထိုး ဝတ်ဆင်သွားစေမည်ဟု သိရှိရသည်။

ထို့ပြင် ဒီဘားလားအတွက် လစာငွေကိုလည်း တစ်နှစ်လျှင် ယူရို(၁၆)သန်းအထိ ပေးချေသွားမည်ဖြစ်ရာ တစ်ပတ်လုပ်ခ ယူရို(၃)သိန်းကျော်ပမာဏ အထိ ပေးချေမည်ဖြစ်သည်။

ယင်းသတင်းကို အာဂျင်တီးနား နာမည်ကျော်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Ole' မှ ဖော်ပြခဲ့ခြင်းအား ကိုးကားကာ ဥရောပမီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဒီဘားလားနှင့် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီတို့အကြား တင်းမာမှုများကြောင့် ဒီဘားလားက ပြောင်းရွှေ့လိုခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

Photo: Getty Images

သို့ရာတွင် အီတလီသတင်းမီဒီယာ Mediaset ကမူ ယင်းသတင်းကို ဖော်ပြခဲ့သည့် ဂျာနယ်လစ် ဟီဒယ်လ်ဂိုသည် Ole' တွင် လုပ်ကိုင်နေသူမဟုတ်သဖြင့် ခိုင်မာမှုမရှိသည့်သတင်းဟု ဆိုခဲ့သည်။

ဒီဘားလားသည် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၆)ပွဲတွင် (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ သို့သော်  ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီသည် ပြီးခဲ့သည့်စီးရီးအေပွဲစဉ် (၂)ပွဲတွင် ဒီဘားလားကို အဖွင့်ပွဲစဉ်ဖြစ်သော ချီယေဗိုနှင့်ပွဲတွင် အသုံးပြုခဲ့ပြီး လာဇီယိုကို အနိုင်ရသည့်ပွဲစဉ်တွင် အသုံးပြုခြင်း မရှိခဲ့ကြောင်း သိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားအား ခေါ်ယူရန် ရီးယဲလ်အသင်းအပြင် ဂျာမန်ထိပ်သီးကလပ် ဖြစ်သည့် ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရှိရသည်။

 

Most Read

Most Recent