၂၀၁၈-၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲပွဲကို ယနေ့ည မြန်မာစံတော်ချိန် ည(၁၀း၃၀)နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့နံနက်ပိုင်းက ချန်ပီယံလိဂ် Play-off ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်အသင်းများ စုံလင်သွားပြီဖြစ်သည်။ ထို့ကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို မိုနာကိုမြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မဲအိုးသတ်မှတ်ချက်များကို အတည်ပြု ထုတ်ပြန်ခဲ့သည်။
မဲအိုး (၁)တွင် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ PSG၊ လိုကိုမိုးတစ်မော်စကို၊ ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ကျရောက်ခဲ့သည်။
ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့် အင်္ဂလန်ကလပ် လီဗာပူးလ်အသင်းမှာ မဲအိုး (၃)တွင် ကျရောက်ခဲ့သည့်အတွက် အုပ်စုကျပ်ထဲ၌ ကျရောက်ဖွယ်ရှိနေသည်။ အင်္ဂလန်နာမည်ကြီးကလပ် မန်ယူနှင့် စပါးအသင်းတို့မှာ မဲအိုး (၂)တွင် ကျရောက်ခဲ့ကြောင်း သိရသည်။
မဲအိုး (၁) - ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ PSG၊ မန်စီးတီး၊ လိုကိုမိုးတစ်မော်စကို
မဲအိုး (၂) - ဒေါ့မွန်၊ ပေါ်တို၊ မန်ယူ၊ ရှက်တာဒိုးနက်၊ ဘင်ဖီကာ၊ နာပိုလီ၊ စပါး၊ ရိုးမား
မဲအိုး (၃) - လီဗာပူးလ်၊ ရှော်လ်ကေး၊ လိုင်ယွန်၊ မိုနာကို၊ အေဂျက်စ်၊ CSKA မော်စကို၊ PSV၊ ဗလင်စီယာ
မဲအိုး (၄) - ဗစ်တိုးရီးယားပါလ်ဇန်၊ ဘရုဂေး၊ ဂါလာတာစာရေး၊ ယန်းဘွိုင်းစ်၊ အင်တာမီလန်၊ ဟော်ဖန်ဟင်မ်၊ ဇဗက်ဒါ၊ AEK အေသင်