မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာ၌ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာ၌ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား
Published 30 August 2018

မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာ၌ မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာ၌ နေအိမ်နှစ်လုံး သြဂုတ် ၂၉ ရက် နံနက် ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မောင်တောမြို့က ညင်တန်း (မြို့မ) အုပ်စု တောင်ရွာနေ မာမောက်ကာမာ (ဘ) မာမောက်ကာဆိမ်း အသက် (၃၅ နှစ်) ၏ (၂၀ x ၁၅ x ၁၀)ပေ သွပ်မိုး၊ ဝါထရံကာ၊ ပျဉ်ခင်းနေအိမ်ရှိ မီးဖိုဆောင်မှ မီးဖိုတွင် အမဲသားခြောက် ကျပ်တင်ထားရာမှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ် အေဆန် (ဘ) မာမောက်ကာဆိမ်း ၏ (၂၅ x ၁၅ x ၁၀)ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် မီးလောင်ဆုံးရှုံးမှု တန်ဖိုး ကျပ် ၇၇၀၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၂ နာရီခွဲ မီးလုံးဝငြိမ်းခဲ့ကြောင်း နှင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း မောင်တောမီးသတ်တပ်ဖွဲ့မှ သိရသည်။

နေအိမ်ပိုင်ရှင်အား ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာနေ မာမောက်ကာမာ (ဘ) မာမောက်ကာဆိမ်းအား မောင်တောမြို့မရဲစခန်းမှ (ပ-၃၂/၂၀၁၈) ၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ယင်းမတိုင်မီ သြဂုတ် ၂၄ ရက် ညနေ ၁၀ နာရီခွဲခန့်ကလည်း မောင်တောမြို့ သရက်အုပ်ကျေးရွာအုပ်စု အာရှိတ်ဂျာကျေးရွာနေ ဆော်ရောက်ဟူဆောင်း၏ (၁၅ x ၁၂ x ၁၀) ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ်တွင် မီးဖိုဆောင်မှ တစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ အိမ်နှစ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent