ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုကြောင့် ဆွာမြို့နှင့် ရေတာရှည်မြို့ကြားရှိ မီးရထားလမ်း ရေကျော်ခဲ့ပြီး ကျွန်းကုန်းဘူတာ ဝန်ထမ်း ၇ ဦး ပိတ်မိနေ

ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုကြောင့် ဆွာမြို့နှင့် ရေတာရှည်မြို့ကြားရှိ မီးရထားလမ်း ရေကျော်ခဲ့ပြီး ကျွန်းကုန်းဘူတာ ဝန်ထမ်း ၇ ဦး ပိတ်မိနေ
Published 29 August 2018

ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုကြောင့် ဆွာမြို့နှင့် ရေတာရှည်မြို့ကြားရှိ မီးရထားလမ်း ရေကျော်ခဲ့ပြီး ကျွန်းကုန်းဘူတာ ဝန်ထမ်း ၇ ဦး ပိတ်မိနေ ကြောင်း သိရသည်။

ပိတ်မိနေသည့် ဝန်ထမ်း ၇ ဦးအား ကယ်ဆယ်နိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ဆွာမြို့နှင့် မီးရထားလမ်းများတွင် ရေကျော်မှုကြောင့် မီးရထား ပြေးဆွဲမှုများလည်း ရပ်တန့်လျက်ရှိကြောင်း သိရသည်။

ဆွာဆည်မှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးပေါ် ဆွာဆည်ရေကျော်လွန်ခြင်း၊ ၁၆၅ မိုင်အနီး အမြန်လမ်းမကြီးတံတား အနည်းငယ် နိမ့်ဆင်းနေခြင်းတို့ကြောင့် မော်တော်ယာဉ်များအား သွားလာခွင့် မပြုသေးဘဲ လမ်းပိတ်ထားခြင်း၊ တံတားကြံံ့ခိုင်မှုများအား စစ်ဆေးဆောင်ရွက်ခြင်းတို့ ပြုလုပ်နေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းကာ ရေကြီးရေလျှံခြင်းကြောင့် ရန်ကုန်-မန္တလေး လမ်းမကြီးဟောင်းနှင့် အမြန်လမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိနေပြီး ဆွာချောင်း အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ ရေဘေးလွတ်ရာများသို့ အရေးပေါ် ရွှေ့ပြောင်းနေရကာ တောင်ငူခရိုင်မှ ဆည်မြောင်းတာဝန်ရှိသူများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပရဟိတ အသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်း သိရသည်။

Most Read

Most Recent