၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့်များက ဘတ်ဂျက်တောင်းခံမှု ကျပ်ဘီလျံ ၂၄၀၀၀ ကျော်မှ တစ်ရာခိုင်နှုန်းခန့်သာ လျှော့ချပြီး ခွင့်ပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့်များက ဘတ်ဂျက်တောင်းခံမှု ကျပ်ဘီလျံ ၂၄၀၀၀ ကျော်မှ တစ်ရာခိုင်နှုန်းခန့်သာ လျှော့ချပြီး ခွင့်ပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
Published 29 August 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အဆင့်များက ဘတ်ဂျက်တောင်းခံမှု ကျပ်ဘီလျံ ၂၄၀၀၀ ကျော် (ကျပ်သန်း ပေါင်း ၂၄၉၅၄၆၁၅ ဒသမ ၃၇၇)မှ တစ်ရာခိုင်နှုန်းခန့်(ကျပ်သန်းပေါင်း ၂၂၇၉၀၆ ဒသမ ၃၇၇ သန်း)သာ လျှော့ချပြီး ခွင့်ပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

နေပြည်တော်၌ သြဂုတ် ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေဆိုင်ရာ နှင့် ရငွေသုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့်၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် စိစစ်တွေ့ရှိချက်များအရ သာမန်ရငွေတွင် ကျပ် ၂၀၀၃ ဒသမ ၅၁၁သန်း တိုးမြှင့်ပြီး သုံးငွေစိစစ်လျှော့ချမှုကြောင့် သာမန်ရငွေ ကျပ် ၁၂၇၉၀ ဒသမ ၀၈၁ သန်း လျော့နည်းခြင်းနှင့် သုံးငွေစိစစ်လျှော့ချမှု ကျပ်သန်းပေါင်း ၂၂၇၉၀၆ ဒသမ ၃၇၇ သန်းကို အတည်ပြုသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းစဉ် တင်ပြခဲ့သည်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စု အဆင့်များမှ လျာထားတင်ပြတောင်းခံထားသည့် ကျပ်သန်းပေါင်း ၂၄၉၅၄၆၁၅ ဒသမ ၃၇၇ အား ကျပ်သန်းပေါင်း ၂၂၇၉၀၆ ဒသမ ၃၇၇ စိစစ် လျှော့ချထားသည့်အတွက် ကျပ်သန်းပေါင်း ၂၄၇၂၆၇၀၉ ဒသမ ၆၂၀ အား ခွင့်ပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

၂၀၁၈-၂၀၁၉ခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူေးပါင်းကော်မတီနှင့် စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ ဖွဲ့တို့မှ စိစစ်လျှော့ချထားခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် စိစစ်ရေး ပူးပေါင်းအဖွဲ့များမှ စိစစ်ကာ လျော့ချမှုများ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့စိစစ်ဖြတ်တောက်မှုများတွင် နိုင်ငံခြားရေး (အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အပါအဝင်) သာမန်အသုံးစရိတ် လျာထားမှုဖြစ်သည့် ကျပ်သန်းပေါင်း ၄၉၃၃၈ ဒသမ ၂၆၂မှ ကျပ်သန်းပေါင်း ၂၄၇၁ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၁၃၅၅၂ ဒသမ ၉၉၃ မှ ကျပ်သန်းပေါင်း ၆၀၄၁ ဒသမ ၇၈၆ စိစစ် လျှော့ချထားကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၃၈၀၂၃၂ ဒသမ ၉၆၉ မှ ကျပ်သန်းပေါင်း ၇၀၀ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၅၂၉၂၂ ဒသမ ၃၃၈ မှ ၁၉၅၁ ဒသမ ၅၈၁ စိစစ်လျှော့ချထားကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်အသုံး စရိတ်အား စိစစ်ဖြတ်တောက်ခြင်းမပြုဘဲ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၁၇၀၀ သန်း စိစစ်လျှော့ချထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန (ဦး စီးဌာနများ) ၏ သာမန်အသုံးစရိတ် တောင်းခံထားသည့် ကျပ်သန်းပေါင်း ၅၇၄၉၄ ဒသမ ၅၁၂ အား ဖြတ်တောက်ခြင်းမပြုဘဲ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၂၇၂၈၃ ဒသမ ၀၉၂ မှ ကျပ်သန်းပေါင်း ၄၄၁ ဒသမ ၉၀၀ အား စိစစ်လျှော့ချထားကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၃၁၇၀၆၆ ဒသမ ၅၃၁ မှ ကျပ်သန်းပေါင်း ၁၈၄၆ ဒသမ ၂၇၉၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၄၉၈၆၁၈ ဒသမ ၆၇၈ မှ ကျပ်သန်းပေါင်း ၈၉၄၇ ဒသမ ၆၇၇ စိစစ်လျှော့ချထားကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် (ဦးစီးဌာနများ) သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၃၃၄၂၇ ဒသမ ၀၃၀ မှ ကျပ် သန်းပေါင်း ၆ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၅၀၀၁၃၇ ဒသမ ၆၁၅ မှ ကျပ်သန်းပေါင်း ၃ သန်းအား စိစစ်လျော့ချထားကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

စက်မှုဝန်ကြီးဌာန(ဦးစီးဌာနများ) သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၁၀၀၂၆ ဒသမ ၈၅၅ အား စိစစ်လျှော့ချခြင်းမပြုဘဲ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၁၄၄၆၇ ဒသမ ၅၅၁ မှ ကျပ်သန်းပေါင်း ၇၃၇ ဒသမ ၈၅၃ အား စိစစ်လျှော့ချထားကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၁၂၇၄၁၆ ဒသမ ၇၄၅ မှ ၄၂၅၀၂ ဒသမ ၄၀၂၊ သာမန်(လုပ်ငန်းသုံးရင်းနှီးငွေ) ကျပ် သန်းပေါင်း ၁၃၉၀၁၀ ဒသမ ၃၄၉ မှ ၁၆၄၁၃ ဒသမ ၈၉၀ စိစစ်လျှော့ချထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၁၆၃၀၀၃၉ ဒသမ ၅၈၈ မှ ၁၀၀၆ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၅၃၆၉၈၉ ဒသမ ၄၀၆ မှ ၉၉ ဒသမ ၂၅၀ စိစစ်လျှော့ချထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၇၃၄၁၄၅ ဒသမ ၅၀၄ မှ ၈၇၀၃ ဒသမ ၁၈၄၊ ငွေလုံး ငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၄၁၃၅၃၄ ဒသမ ၀၇၁ မှ ၁၀၃၃၈ ဒသမ ၅၀၄ စိစစ်လျှော့ချထားကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၁၁၁၆၅၁ ဒသမ ၄၀၂ မှ ၃၇၀ ဒသမ ၁၅၃၊ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၇၃၄၇၃၉ ဒသမ ၆၀၀ မှ ၅၅၅၄၁ ဒသမ ၉၃၄ စိစစ် လျှော့ချထားကြောင်း၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်အား ဖြတ်တောက်ခြင်းမပြုဘဲ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၂၃၃၉၇ ဒသမ ၂၃၇ မှ ၂၈၃၉ ဒသမ ၈၀၇ စိစစ်လျှော့ချထားကြောင်း၊ နေပြည်တော်ကောင်စီ၏ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၅၆၇ ဒသမ ၇၈၄ မှ ၁၈ ဒသမ ၀၁၄၊ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၉၄၂၆၆ ဒသမ ၈၉၉ မှ ၄၅၈၆ ဒသမ ၇၀၉၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း ၂၁၉၇၃ ဒသမ ၅၆၃ မှ ၁၄၄၄ ဒသမ ၅၆၀၊ ငွေလုံးငွေရင်းအသုံး စရိတ် ကျပ်သန်းပေါင်း ၆၇၂၅ ဒသမ ၄၂၆ မှ ၂၈၄၁ ဒသမ ၅၂၆၊ထောက်ပံ့ငွေ ကျပ် သန်းပေါင်း ၁၆၆၃၈ ဒသမ ၁၃၂ မှ ၂၁၅၇ ဒသမ ၂၉၇ စိစစ်လျှော့ချထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

Most Read

Most Recent