ဒေါ်လာဈေး မြင့်မှုကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ငါးရက်ဆက်တိုက် စံချိန်ချိုးပြီး ကျပ် ၉၆၉၄၀၀ ဖြင့် စံချိန်သစ် ထပ်တင်

ဒေါ်လာဈေး မြင့်မှုကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ငါးရက်ဆက်တိုက် စံချိန်ချိုးပြီး ကျပ် ၉၆၉၄၀၀ ဖြင့် စံချိန်သစ် ထပ်တင်
Published 28 August 2018

ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၂၇ ရက်တွင် ၁၂၀၅ ဒေါ်လာဝန်းကျင်ဖြစ်ခဲ့ပြီး ဒေါ်လာဈေးအမြင့်ပိုင်းတွင် ရှိနေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း ငါးရက်ဆက်တိုက် စံချိန်ချိုးပြီး သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀ ဖြင့် စံချိန်သစ် ထပ်တင်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်း ရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင် ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်တက်ခဲ့ကာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် စံချိန်တင်ထားကာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၅၈၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၆၁၃၀၀၊ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၆၃၅၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၆၄၅၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀ ဖြင့် ငါးရက်ဆက်တိုက် စံချိန်ချိုးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင် ဖြစ်ပေါ်နေသော ပြည်တွင်းရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇွန် ၂၇ ရက်တွင် ၉၃၇၀၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၁၆ ရက်တွင် ကျပ် ၉၅၇၆၀၀၊ သြဂုတ် ၂၇ ရက်တွင် ၉၆၉၄၀၀ ကျပ်ဖြင့် ဈေးကွက် သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးအဖြစ် စံချိန်သစ် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်လက ရွှေဈေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်း ရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၄၁၀၀ ( ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်) တို့ဖြစ်သည်။

 

 

Most Read

Most Recent