သရုပ်ဆောင်တေးသံရှင်ပိုပိုနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင်ပိုပိုနှင့် တွေ့ဆုံခြင်း
Published 8 July 2017

‘ချစ်ဖူးခဲ့သမျှ’ တေးစီးရီးနှင့် ပရိသတ်တစ်ခဲနက် လက်ခံအားပေးမှုကိုရရှိခဲ့သည့် တေးသံရှင်ပိုပိုသည် တတိယမြောက် တစ်ကိုယ်တော်တေးစီးရီးအဖြစ် ‘Masterpiece’ ဟု အမည်ပေးထားသည့် တေးစီးရီးအား ဇူလိုင် ၁၆ ရက်တွင် စတင်ဖြန့်ချိမည် ဖြစ်သည်။ ထူးခြားသည့် ဂီတဟန်ပန်များ ထည့်သွင်းထားကာ ကိုယ်တိုင်ရေးသားထားသည့် တေးသီချင်းခြောက်ပုဒ်ကိုလည်း အဆိုပါတေးစီးရီးတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ တေးသံရှင်ပိုပိုသည် ကဗျာဆရာများ၏ ကဗျာလက်ရာမွန်အပုဒ် ၁၀၀ ကျော်၊ ရုပ်ရှင်အနုပညာရှင်များ ရေးသားထားသည့် ကဗျာလက်ရာများနှင့် ၎င်းကိုယ်တိုင်ရေးသားထားသည့် ကဗျာလက်ရာတို့ကိုစုစည်းကာ ကဗျာစာအုပ် ထုတ်ဝေရန် စီစဉ်ခဲ့ပြီး ထည့်သွင်းထားသည့် အမှာစာအပေါ် ကဗျာဆရာအချို့၏ ကန့်ကွက်မှုကြောင့် အဆိုပါကဗျာစာအုပ် ရိုက်နှိပ်မှုအား ရပ်တန့်ခဲ့ကာ မူလက အမှာစာမပါဝင်ဘဲ ရိုက်နှိပ်ထားသည့် ကဗျာစာအုပ်များကိုသာ ဇူလိုင် ၇ ရက်တွင် ဖြန့်ချိရန်စီစဉ်ထားသည်။ မကြာခင် ရုံတင်တော့မည့် ‘ကြောက် ကြောက် ကြောက်’ ဇာတ်ကားတွင်လည်း သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ထားသူ တေးသံရှင်ပိုပိုနှင့်တွေ့ဆုံ၍ ကဗျာစာအုပ် ပြန်လည်ထုတ်ဝေမည့်အစီအစဉ်၊ တေးစီးရီးသစ်အတွက် ဖန်တီးထားမှုများအပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

Most Read

Most Recent