မလှိုင်မြို့နယ် ထန်းပင်ကောက်ကျေးရွာတွင် အများသုံး ရေတွင်းဆယ်ရန်ဆင်းစဉ် အောက်ဆီဂျင်ပြတ်ပြီး လူငယ်တစ်ဦး သေဆုံး

မလှိုင်မြို့နယ် ထန်းပင်ကောက်ကျေးရွာတွင် အများသုံး ရေတွင်းဆယ်ရန်ဆင်းစဉ် အောက်ဆီဂျင်ပြတ်ပြီး လူငယ်တစ်ဦး သေဆုံး
Published 27 August 2018

အများသုံးရေတွင်းဆယ်ရန်ဆင်းစဉ် အောက်ဆီဂျင်ပြတ်ပြီး လူငယ်တစ်ဦး ပြုတ်ကျသေဆုံးသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ဆယ်ယူနေစဉ်

မလှိုင်မြို့ နယ် ထန်းပင်ကောက်ကျေးရွာ အနောက်ဘက်ရှိ အများသုံး ရေကန်ဆယ်ရန် ရေတွင်းထဲသို့ဆင်းစဉ် အောက်ဆီဂျင်ပြတ်ပြီး မူးဝေကာ လူငယ်တစ်ဦး ရေတွင်းထဲသို့ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့ရုံးမှ သိရသည်။

သြဂုတ်၂၅ ရက် မွန်းလွဲပိုင်းက မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ထန်းပင်ကောက်ကျေးရွာ အနောက်ဘက် မလှိုင်-မြင်းခြံသွားလမ်း နံဘေးရှိ အနက်ပေ ၅၀ ခန့်၊ အဝကျယ် ငါးပေ ခန့်၊ အများသုံးရေတွင်း ပြန်လည်ဆယ်ယူ နေစဉ် မလှိုင်မြို့နယ် ထန်းပင်ကောက်ကျေးရွာနေ ကျော်သက် (၂၃ နှစ်) သည် ရေတွင်း အတွင်းရှိ အမှိုက်များ ဆယ်ယူရန် ၂၈ ပေခန့် အရှည်ရှိ ထန်းပင်တက် လှေကားဖြင့် ရေတွင်းထဲသို့ဆင်းရာ အောက်ဆီဂျင် ပြတ်လပ်ကာ မူးဝေပြီး ရေတွင်းထဲသို့ ပြုတ်ကျခဲ့သဖြင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဆယ်ယူသော်လည်း ရေတွင်းထဲ၌ အောက်ဆီဂျင် ပြတ်နေသဖြင့် ဆယ်ယူနိုင်ခြင်း မရှိသဖြင့် မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေတွင်းအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်များ ဖယ်ရှားကာ အောက်ဆီဂျင် ရှိ၊ မရှိ စနစ်တကျ စမ်းသပ်ကာ ပြန်လည် ဆယ်ယူခဲ့ရခြင်းဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။

 

Most Read

Most Recent