ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၉၁၁ ပြား ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၉၁၁ ပြား ဖမ်းဆီးရမိ
Published 29 August 2017

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၉၁၁ ပြား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ သြဂုတ် ၂၈ ရက်က သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများသည် သြဂုတ် ၂၇ ရက် ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း၊ ၆၉ လမ်းနှင့် လမ်း ၇၀ ကြားရှိ လက်ဖက်ရည်ဆိုင်အနီးတွင် စောင့်ဆိုင်းနေစဉ် လက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်လာပြီး ၃၅ယ/--- နံပါတ်ပါ နီ/ဖြူရောင် ဆိုင်ကယ်ပေါ်သို့ တက်နေသည့် ကောင်းဆွေလင်း (ခ) မောင်ကောင်း (၃၅ နှစ်)အား သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ဝတ်ဆင်ထားသည့် ပုဆိုးခါးပုံစအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြားပါ လေးထုပ်၊ ၁၁၁ ပြားပါ တစ်ထုပ်၊ စုစုပေါင်းဆေပြား ၉၁၁ ပြားအား ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်အတွင်းထည့်ကာ ကွမ်းရွက်ခြောက်ရွက်ဖြင့်ပတ်ပြီး ဗလာစာရွက် နှစ်ရွက်ဖြင့် ထပ်မံထုပ်ပိုးထားကာ တိပ်အကြည်ဖြင့်ပတ်လျက် ကြွပ်ကြွပ်အိတ် အကြည်အတွင်း ထည့်ထားသော အထုပ်တစ်ထုပ်နှင့် ကောင်းဆွေလင်း (ခ) မောင်ကောင်း၏ ညာဘက်အတွင်း OPPO အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိခဲ့သောကြောင့် ရှာဖွေပုံစံဖြင့် ရေးသွင်းကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။