ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း ကျပ် ၆၂၁ ဘီလျံကျော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းခင်းခြင်းနှင့် လမ်းလုပ်ငန်းများအတွက် သုံးစွဲခဲ့ကြောင်း သိရ

ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း ကျပ် ၆၂၁ ဘီလျံကျော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းခင်းခြင်းနှင့် လမ်းလုပ်ငန်းများအတွက် သုံးစွဲခဲ့ကြောင်း သိရ
Published 26 August 2018

ရန်ကုန်မြို့ရှိ ဆူးလေလမ်း တစ်နေရာအား ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး လမ်းခင်းခြင်း အပါအဝင် လမ်းလုပ်ငန်းများအတွက် ငွေကျပ် ၆၂၁ဘီလျံကျော်ကို ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း သုံးစွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၏ လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့် ရေရရှိရေး အသုံးစရိတ်များအရ လမ်းလုပ်ငန်းများ အတွက် သုံးစွဲမှုများ အနေဖြင့် ၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ ငွေကျပ်သန်း ၁၂၃၅၆ ဒသမ ၄၀၂သန်း၊ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးတွင် ငွေကျပ် ၄၉၁၃၀ ဒသမ ၆၀၀ သန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ငွေကျပ် ၄၉၈၁၉ ဒသမ ၆၃၆ သန်း ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ငွေကျပ်သန်း ၉၃၈၈၃ ဒသမ ၅၀၆ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၉၇၈၈၇ ဒသမ ၃၀၈ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

အလားတူ NLD အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ်ဘဏ္ဍာရေးနှစ် ရှေးပြေးအမှန်စာရင်းအရ ငွေကျပ် ၇၁၄၉၁ ဒသမ ၅၁၅ သန်း၊၂၀၁၇-၂၀၁၈ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ စာရင်းအရ ငွေကျပ် ၁၀၆၁၁၇ ဒသမ ၈၇၅ သန်းနှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လစာရင်းအရ ငွေကျပ် ၅၅၁၀၈ ဒသမ ၆၀၄ သန်းဖြစ်ပြီး ၂၀၁၁- ၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီ လမှ စက်တင်ဘာလ ခြောက်လအထိ ကိုးနှစ်အတွင်း လမ်းလုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ် ၆၂၁၄၈၆ ဒသမ ၈၅၆ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သာမန်အသုံးစရိတ် ငွေကျပ် ၁၂၃၀၀ ဒသမ ၉၀၀ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၅၀၂၉၂ ဒသမ  ၆၆၇ သန်းကို သုံးစွဲထားကြောင်း သိရသည်။

လက်ရှိ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သာမန်အသုံးစရိတ် ငွေကျပ် ၃၂၃၄ ဒသမ ၄၁၆ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၂၈၄၆၁ ဒသမ ၈၅၈ သန်း သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်ပြင်ပရှိ မြိ့နယ် ၁၂ မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ဦးစီးဌာန အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်မှာ ငွေကျပ် ၁၇၂၄၃ ဒသမ ၀၀၆ သန်းအားလည်းကောင်း၊ လမ်းဦးစီးဌာန အနေဖြင့် သာမန်အသုံးစရိတ်မှာ ငွေကျပ် ၁၄၃၂ ဒသမ ၀၇၅ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်မှာ ငွေကျပ် ၁၈၁၉ ဒသမ ၈၅၄ သန်းအားလည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် သာမန်အသုံးစားရိတ်မှာ ငွေကျပ် ၁၇၀ ဒသမ ၁၁၈ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်မှာ ငွေကျပ် ၂၄၆၅ ဒသမ ၀၉၀ သန်းအား လည်းကောင်း အသုံးပြုထားကြောင်း သိရသည်။

Most Read

Most Recent