ငါးဖမ်းလုပ်သား ၂၀ ပါဝင်သည့် ငါးဖမ်းစက်လှေ နစ်မြုပ်ရာတွင် ပါသွားသည့် ပျောက်ဆုံးနေသူ အချို့အား ရှာဖွေမတွေ့သေး

ငါးဖမ်းလုပ်သား ၂၀ ပါဝင်သည့် ငါးဖမ်းစက်လှေ နစ်မြုပ်ရာတွင် ပါသွားသည့် ပျောက်ဆုံးနေသူ အချို့အား ရှာဖွေမတွေ့သေး
Published 26 August 2018

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ သြဂုတ် ၁၇ ရက် ငါးဖမ်းရန် ပင်လယ်ပြင်သို့ ထွက်ခွာလာသောလှေ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီးနောက် သုံးဦး၏ ရုပ်အလောင်းအား ရှာမတွေ့သေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ စိုးပိုင်အောင် အမည်ရှိ ငါးဖမ်းစက်လှေမှာ သြဂုတ် ၁၇ ရက်က ပင်လယ်ပြင်သို့ ထွက်ခွာခဲ့ပြီးနောက် ၂၀ ရက်တွင် ဆိုးရွားသော ရာသီဥတုဒဏ်ကြောင့် စက်လှေနစ်မြုပ်ခဲ့ပြီးနောက် အလောင်းသုံးလောင်းကို ပေါက်တောြမို့နယ် သဲခုံကျေးရွာအနီးတွင် တွေ့ရှိခဲ့ရပြီး ကျန်လှေသမားများမှ ပျောက်ဆုံးနေခြင်းဖြစ်ကာ အလောင်းကို ရှာမတွေ့သေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်ဖြူငါးလုပ်ငန်း ဦးစီးဌာနမှ အရာရှိ တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက “ကျွန်တော်တို့ သတင်းရတာက သဲခုံဘက်မှ အလောင်းသုံးလောင်း တွေ့တယ်လို့ ပြောတယ်။ ကျန်တဲ့အလောင်းတွေတော့ မတွေ့သေးဘူး။ အဲဒီငါးဖမ်းလှေသမား တွေကလည်း ကျောက်ဖြူဒေသခံတွေ မဟုတ်ဘဲ တနင်္သာရီတိုင်း ဘက်က ငါးဖမ်းသမားတွေ ဖြစ်တယ်လို့ သိရတယ်” ဟု ပြောကြားသည်။

တွေ့ရှိသော အလောင်းများကို သဲခုံကျေးရွာတွင် သြင်္ဂိုဟ်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent